Powered by Blogger.

Apple ၏ operating system အသစ် iOS 9 ရဲ့ စွမ်းဆောင်ရည်များ





စက်တင်ဘာလ ၁၆ ရက်နေ့ ၊ဗုဒ္ဓဟူးနေ့ တွင် Apple ဖုန်းအသုံးပြုသူတွေအနေနဲ့  iOS 9 ကို စတင် update လုပ်နိုင်မည်ဖြစ်သည်။ Apple မှ ယခု အသစ်ထွက်ရှိသော iOS 9 operating system အသစ်တွင် အသုံးပြုသူများ အကြိုက်တွေ့စေမည့် စွမ်းဆောင်ရည်အသစ်များ ပါရှိလာသည်။

၁။ Video Recording အတွက် resolution များပြောင်းလဲ အသုံးပြုနိုင်မည်ဖြစ်သည်။ ပြောင်းလဲအသုံးပြုရန်အတွက် Settings > Photos & Camera > Record Video သို့သွားပါ၊ 720p HD at 30fps နှင့် 1080p HD at 30 or 60fps ဆိုသော ရွေးချယ်စရာ နှစ်မျိုးထဲမှ တစ်ခုကို ရွေးချယ်ပေးရမည်ဖြစ်သည်။ အနှေးပြ Slo-Mo Video Recording အတွက်လည်း အလားတူ ရွေးချယ်နိုင်မည်ဖြစ်သည်။

၂။ ရုပ်ရှင်များ၊ ဗီဒီယို များ ကြည့်ရှုနေစဉ်အတွင်း Pinch to zoom in or out လုပ်နိုင်မည် ဖြစ်သည်။

၃။ app တစ်ခုနှင့် တစ်ခု အကူးအပြောင်း လုပ်ခြင်း၊ သို့မဟုတ် website link တစ်ခုခုကို ၀င်ရောက်လိုက်ခြင်း၊ သို့မဟုတ် noti တစ်ခုအား စစ်ဆေးလိုက်ခြင်း၊ စသည့် လုပ်ဆောင်ချက်များအား လုပ်ဆောင်ပြီးပါက ယခင်ကဲ့သို့ Home Button အား နှစ်ချက်နှိပ်ပြီး multitasking menu ကိုခေါ်ယူအသုံးပြုရန် မလိုတော့ပဲ screen ၏ ဘယ်ဘက်အပေါ်တွင်ရှိသော "Back to previous app" အားအသုံးပြုနိုင်မည်ဖြစ်သည်။

၎။ multiple photos များ၊ videos များအား လွယ်ကူစွာ select လုပ်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်နိုင်ရန်အတွက် album တစ်ခုခုအားဖွင့်လိုက်ပါ။ ထို့်နောက် screen ၏ဘယ်ဖက်အပေါ်တွင်ရှိသော select button အားနှိပ်ပါ။ ထို့နောက် ကို select လုပ်ချင်သော photo or video များအား တစ်ခုခြင်းစီ tap လုပ်ပြီး select မှတ်ပါ။ ပြီးနောက် ထို select မှတ်ထားသော photo or video များအား screen ပေါ်တွင် hold and drag လုပ်ကာ ကိုယ်လိုသလို ဆောင်ရွက်နိုင်မည်ဖြစ်သည်။

၅။ photo တစ်ခုအား full screen view ဖြင့် ကြည့်နေရင်းနှင့် album view သို့ပြန်သွားချင်ပါက ယခင်ကဲ့သို့ back arrow ကိုအသုံးပြုစရာမလိုတော့ပဲ swipe down လုပ်လိုက်ခြင်းအားဖြင့် album view သို့ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

၆။ photo များအားကြည့်ရှုရာတွင် ယခင်ကဲ့သို့ မဟုတ်တော့ပဲ thumbnail slider view အား slide ပြုလုပ်ခြင်းအားဖြင့် photo or video များအား လျှင်မြန်စွာ navigate လုပ်နိုင်မည်ဖြစ်သည်။

၇။ multiple image များ၊ video များအား ဖျောက်ထားနိုင်မည်ဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်နိုင်ရန်အတွက် Share > Hide ကိုသွားပြီး hide အား tap လုပ်ပေးခြင်းအားဖြင့် ပြုလုပ်နိုင်သည်။

၈။ သင့် email တွင် attachment ပါဝင်လာပါက ထို attachment ပေါ်တွင် ပုံဆွဲရန်၊ signature ထိုးရန်၊ စာရိုက်ရန် menu ပါရှိမည်ဖြစ်သည်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Cnet

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment