Powered by Blogger.

ဖုန်းကို အားသွင်းပေးနိုင်ပြီး ဖျော်ရည်ယမကာတွေကို အေးခဲပေးနိုင်မယ့် ကမ်းခြေသုံးမွေ့ ရာ




လက်ဘနွန်နိုင်ငံသား တက္ကသိုလ်ကျောင်းသားတစ်ယောက်ဟာ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ပြီး ပင်လယ်ကမ်းခြေမှာအပန်းဖြေသူတွေအနေနဲ့ နေပူဆာလှုံရင်း ဖုန်းကို အားသွင်းနိုင်ကာ သောက်စရာယမကာဖျော်ရည်တွေကိုပါ အေးခဲပေးနိုင်မယ့် မွေ့ ရာတစ်မျိုးကို တီထွင်လိုက်ပါတယ်။

အသက် ၂၃ နှစ်အရွယ် Antoine Sayah ဟာ ငါး ၀ပ်အားရှိတဲ့ ဆိုလာပြားကိုအသုံးပြုထားပြီး အပူလုံရေခဲသေတ္တာအကန့် တစ်ခုပါ တစ်ပါတည်း ပါဝင်တဲ့ ‘Beachill’ ကမ်းခြေသုံး ရေစိုခံ မွေ့ ရာတစ်လုံးကို တီထွင်လိုက်ပါတယ်။

ဒေါ်လာ ၁၅၀ တန် ကမ်းခြေသုံးမွေ့ ရာဟာ ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူကာ စာအုပ်နဲ့ တခြား ကိုယ်ပိုင်ပစ္စည်းအသေးစားတွေထည့်ဖို့ အတွက် အတွင်းအိတ်ကန့် တစ်ခုပါ ပါဝင်ပါတယ်။ ဒီ့အပြင် မွေ့ ရာမှာ တပ်ဆင်ထားတဲ့ ဆိုလာပြားကနေ ဖုန်းကို အားသွင်းပေးနိုင်ပြီး သောက်စရာယမကာ ဖျော်ရည်တွေကိုပါ အေးခဲပေးနိုင်မယ့် ရေခဲသေတ္တာအကန့် တစ်ခု ပါဝင်ပါတယ်။

“ တက္ကသိုလ်ပရောဂျက်တစ်ခုမှာ ကျွန်တော်တို့ ကျောင်းသားတွေကို သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်ပြီး နေ့ စဉ်အသုံးပြုနိုင်မယ့် ပစ္စည်းတစ်ခုကို ဒီဇိုင်းရေးဆွဲခိုင်းခဲ့ရာကနေ ဒီကမ်းခြေသုံးမွေ့ ရာ ဖြစ်လာတာ ဖြစ်ပါတယ်။ ကျောင်းသားတိုင်းက ပစ္စည်းတစ်ခုစီ ဒီဇိုင်းရေးဆွဲကြပြီး ကျွန်တော်ကလည်း ကျွန်တော်ကမ်းခြေသွားတိုင်းကြုံရတဲ့အခက်အခဲလေးတွေကို ဖြေရှင်းပေးနိုင်မယ့် အရာတစ်ခုကို ဒီဇိုင်းရေးဆွဲလိုက်တာဖြစ်ပါတယ်” လို့ Sayah က Reuters သတင်းဌာနကို ပြောကြားပါတယ်။

Sayah ဟာ သူ့ ရဲ့ ကမ်းခြေသုံးမွေ့ ရာကို ဆိုရှယ်မီဒီယာမှ ကြော်ငြာခဲ့ပြီးနောက် နှစ်ပတ်အတွင်းမှာတင် မွေ့ ရာ အလုံး ၆၀ ရောင်းချခဲ့ရပြီး တစ်ကမ္ဘာလုံးက စိတ်ဝင်စားမှုတွေကို ရရှိခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: businessinsider
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment