Powered by Blogger.

ဦးခေါင်းခွံရိုးကနေ အသံဖြတ်သန်း ကြားရမယ့် ကြိုးမဲ့နားကြပ် Batband




နားကြပ်ကို အိတ်ကပ်ထဲထည့်ထားပြီး သီချင်းနားထောင်တဲ့အခါ ပြန်ဖြည်နေရတဲ့စိတ်ညစ်စရာ အလုပ်ကို အတိတ်မှာထားခဲ့လို့ ရပါပြီ။

ဦးခေါင်းရဲ့နောက်ဘက်မှာ တပ်ဆင်ပြီး ဦးခေါင်းရိုးကနေ နားအတွင်းပိုင်းဆီ အသံလျှောက်ကူးနိုင်မယ့် နားကြပ်တစ်မျိုးကို လန်ဒန်အခြေစိုက် Banana Things စတူဒီယိုက ဒီဇိုင်နာတွေက ထုတ်လုပ်လိုက်ပါတယ်။

ဒေါ်လာ ၂၅၀ တန် Batband နားကြပ်ဟာ နားမှာ ပိတ်ဆို့ နေမှာမဟုတ်တဲ့အတွက် သင့် ဘေးပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတွေကိုလည်း အာရုံစိုက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Batband နားကြပ်မှာ transducer ခေါ် စွမ်းအင်အသွင်ပြောင်းကိရိယာသုံးခုထည့်သွင်းတပ်ဆင်ထားပြီး အဆိုပါကိရိယာတွေက ဦးခေါင်းခွံရိုးကို ဖောက်ကာဖြတ်သန်းနိုင်မယ့် အသံကြိမ်နှုန်းကို နားအတွင်းပိုင်းဆီ ထုတ်လွှတ်ပေးနိုင်ပါတယ်။ အဆိုပါအသံကြိမ်နှုန်းကို ဘေးနားကလူတွေက မကြားနိုင်တဲ့အတွက် စွမ်းအင်အသွင်ပြောင်းကိရိယာနှစ်ခုကို နားထင်ရိုးနဲ့  တစ်ခုကို နောက်စေ့အရိုးမှာ တပ်ဆင်ထားကာ Bluetooth ကနေတဆင့် နားကြပ်ကိုချိတ်ဆက်ကာ ကြိုးမဲ့သီချင်းနားထောင်နိုင်၊ ဖုန်းပြောဆိုနိုင်မှာဖြစ်ပါတယ်။

ရုန်းကန်နိုင်အားရှိတဲ့စတီးကို ပျော့ပျောင်းတဲ့ကူရှင်ခံကာ တပ်ဆင်ထားတာမို့ တစ်နေကုန် သက်တောင့်သက်တာ တပ်ထားနိုင်ပြီး ဘေးနှစ်ဖက်မှာလည်း touch ခလုတ်နှစ်ခုထည့်သွင်းထားပါတယ်။

Bone conduction ခေါ် အရိုးကနေအသံဖြတ်ကူးခြင်းနည်းပညာဟာ အသစ်အဆန်းမဟုတ်တော့ဘဲ bone conduction သုံးနားကြပ်တွေရှိပေမယ့် များသောအားဖြင့်တော့ နားမှာပဲ ထည့်သွင်းတပ်ဆင်ရတာ ဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment