Powered by Blogger.

Blackberry က Android စနစ် သုံး စမတ်ဖုန်း ထုတ်လုပ်မယ်လို့ သတင်းတွေ ထွက်ပေါ်




အမေရိကန် သမ္မတ ဘားရက် အိုဘားမား ကိုင်တယ် ဆိုပြီး နာမည်ကြီးခဲ့ဖူးတဲ့ Blackberry ဖုန်းကုမ္မဏီဟာ နောက်ဆုံးမှာ Android စနစ် တပ်ဆင်ထားတဲ့ စမတ်ဖုန်းကို ထုတ်လုပ်တော့မယ် လို့ သိရပါတယ်။

သင့်အနေနဲ့ ကနေဒါနိုင်ငံ အခြေစိုက် Blackberry စမတ်ဖုန်းတွေနဲ့ ပတ်သက်ပြီး အမြဲတမ်း ရေးသားလေ့ရှိတဲ့ Evleaks(Evan Blass) ဆိုသူ ဘလော့ဂါ ဟာ Blackberry ရဲ့ ဖုန်း အသစ် ဓါတ်ပုံတွေကို တင်ထားတာကို ကြည့်ပြီး ဒီသတင်းကို ယုံကြည်သင့်ပါတယ်။

Blackberry Venice ဆိုတဲ့ ထို စမတ်ဖုန်း ဟာ ဒီနှစ်မှာ ထွက်ပေါ်လာမယ်လို့ ခန့်မှန်းရပြီး Android operating စနစ် ကို အသုံးပြုထားမယ်လို့ သိရပါတယ်။

ထို ဖုန်းဟာ Blackberry အမှတ်တံဆိပ် ရဲ့ Trademark တစ်ခုဖြစ်တဲ့ ကီးဘုတ်ကိုထည့်သွင်းပေးထားပြီး Touch Screen မျက်နှာပြင်ပေါ်က ကီးဘုတ်ကို အသုံးမပြုလိုပါက ထို ကီးဘုတ်ကို Touch Screen အောက်ကနေ Slide စနစ် နဲ့ ဆွဲထုတ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Google ရဲ့ ပုံမှန် App တွေ ပါဝင်မှာ ဖြစ်သလို Microsoft ရဲ့ Bing နဲ့ Skype တို့ကိုလည်း ထည့်သွင်းထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း Blackberry ရဲ့ အမာခံ ပရိတ်သတ်တွေက ဒီသတင်းကို သံသယ ရှိနေကြပြီး Blackberry ကုမ္မဏီကလည်း ဒါကို တရားဝင် အတည်ပြုပေးခြင်း မရှိသေးပါဘူး။ အချို့ကတော့ Evleaks ရဲ့ ဘလော့ဂ် ဟာ သတင်းအရင်းအမြစ် ခိုင်မာ မှု မရှိဘူးလို့လည်း ဝေဖန်ပြောဆိုနေကြပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment