Powered by Blogger.

ဒရုန်းလေယာဉ်တွေကို ပစ်ချနိုင်မယ့် လေဆာအမြှောက်ကို Boeing စတင်ပြသ




၁၅ မိနစ်အတွင်း ဖြုတ်၊တပ် ပြုလုပ်နိုင်ပြီး ၂၂ မိုင်အကွာအဝေးက ဒရုန်း မောင်းသူမဲ့လေယာဉ်တွေကို ပစ်ချပစ်နိုင်မယ့် လေဆာအမြှောက်တစ်လက်ကို Boeing ကုမ္ပဏီက စတင်ပြသလိုက်ပါတယ်။

လေကြောင်းအာကာသ ကုမ္ပဏီ Boeing ဟာ Compact Laser Weapon System (LWS) လို့ ခေါ်တဲ့ လက်နက်အသစ်တစ်ခုကို ဒီအပတ်က နယူးမက္ကဆီကို စမ်းသပ်ကွင်းမှာ စတင်စမ်းသပ်ပြသခဲ့ပါတယ်။

အဆိုပါလေဆာလက်နက်ဟာ အစိတ်အပိုင်းလေးခုအဖြစ် ဖြုတ်ပစ်နိုင်ပြီး စစ်သားနှစ်ယောက်တစ်တွဲနဲ့ တင် အလွယ်တကူသယ်ဆောင်နိုင်ကြောင်း သိရပါတယ်။

လက်နက်ကို ပြန်လည်တပ်ဆင်ဖို့ အတွက် ၁၅ မိနစ်သာကြာမြင့်မှာဖြစ်ပြီး ၁၀ ကီလိုဝပ်အားရှိတဲ့ လေဆာ ရောင်ခြည်နဲ့ ၂၂ မိုင် အကွာအဝေးက မောင်းသူမဲ့လေယာဉ်တွေကို ပစ်ချနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ လေဆာလက်နက်ဟာ ထရပ်ကားပေါ်တပ်ဆင်ပစ်ခတ်ရတဲ့ Boeing ရဲ့ အရင်က လေဆာလက်နက် High Energy Laser Mobile Demonstrator ထက် ပိုအသုံးဝင်မှာဖြစ်ပါတယ်။

လေဆာပစ်ခတ်မှုဟာ အသံတိတ်ဖြစ်ပြီး ပစ်မှတ်ကို အလွန်တိကျကာ ဒရုန်းတစ်စီးရဲ့ ကြိုက်နှစ်သက်တဲ့ အစိတ်အပိုင်းကို ထိမှန်အောင်တောင် ရွေးချယ်ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

“ လေဆာကို ပစ်လွှတ်လိုက်တာနဲ့ ဒရုန်းတစ်စီး ပျက်ကျသွားဖို့ ၁၅ စက္ကန့် လောက်ပဲ ကြာမြင့်ပါတယ်” လို့ Boeing က Isaac Neil က ပြောကြားပါတယ်။

“ ဒရုန်းကို မောင်းနှင်နေတဲ့နေရာကလူဟာ ဘာဖြစ်လို့ ဖြစ်သွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူး” လို့ သူက ထပ်မံပြောကြားပါတယ်။

အခုအချိန်မှာတော့ အဆိုပါလေဆာလက်နက်စနစ်ဟာ ထုတ်လုပ်မှုအဆင့်မှာပဲ ရှိသေးပြီး နှစ်နှစ်အတွင်း ဈေးကွက်ထဲ ရောက်ရှိနိုင်မယ်လို့ ခန့် မှန်းထားပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment