Video format အသစ်တစ်ခုကို ဖန်တီးဖို့ အတွက် နည်းပညာကုမ္ပဏီကြီးတွေ ပူးပေါင်း
Amazon ၊ Cisco ၊ Google ၊ Intel ၊ Microsoft ၊ Mozilla နဲ့ Netflix တို့ အတူပေါင်းစည်းပြီး အင်တာနက် က ဗီဒီယိုတွေ အလုပ်လုပ်တဲ့ ပုံစံကို ပြန်လည်ဆန်းသစ်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။
Open source video format တစ်ခုကို ဖန်တီးဖို့ အတွက် ကုမ္ပဏီကြီးတွေဟာ Alliance for Open Media အဖြစ် အတူတကွပူးပေါင်းခဲ့ကြပါတယ်။ အဆိုပါ အဖွဲ့ အစည်းမှာ အဓိက web browser ကုမ္ပဏီ သုံးခုပါဝင်ပြီး အွန်လိုင်းဗီဒီယိုကုမ္ပဏီအချို့ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်ပိုင် Safari ဘရောက်ဆာ ရှိတဲ့ Apple နဲ့ Facebook တို့ ကတော့ အဆိုပါအဖွဲ့ အစည်းမှာ ပါဝင်ခြင်းမရှိခဲ့ပါဘူး။
နာမည်မပေးရသေးတဲ့ ဗီဒီယို format အသစ်ဟာ Adobe Flash ကို အားကိုးနေရတဲ့ အဖြစ်က အလွယ်တကူ ရှောင်ခွာနိုင်မှာဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာ streaming video တွေ တင်ဆက် ကြည့်ရှုနိုင်ဖို့ အတွက် အဓိကထား ဒီဇိုင်းထုတ်လုပ်ထားပြီး ပါဝါစွမ်းအင်နည်းတဲ့စက်ကိရိယာတွေ အတွက် အဆင်ပြေစေဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ အဆိုပါ format မှာ ကော်ပီကာကွယ်မှုလည်း ပါဝင်မှာ ဖြစ်ပါတယ်။
Format အသစ်ဟာ လုံးဝအခမဲ့ ဖြစ်ပြီး မည်သည့်ကုမ္ပဏီမဆို အခကြေးငွေပေးစရာမလိုဘဲ အဆိုပါ format video တွေ ဖန်တီး၊ ပြောင်းလဲနိုင်တဲ့ ဆော့ဖ်ဝဲတွေကို စိတ်ကြိုက်ထုတ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
( Ye Wint )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref: wired
0 comments:
Post a Comment