Powered by Blogger.

အူရီဒူးရဲ့ဖုန်းခေါ်ဆိုခနှုန်းထားဟာ MPT ထက်ပိုမိုသက်သာ





အူရီဒူးဟာ Phalan Phalan Voice အစီအစဉ်ကို မိတ်ဆက်အပြီးမှာပဲ မြန်မာနိုင်ငံရဲ့ အော်ပရေတာကြီးဖြစ်တဲ့ MPT ဟာ နေရာတိုင်းမှာငါးမိနစ်စာဆိုတဲ့ ပရိုမိုးရှင်းအစီအစဉ်တစ်ခုကို မိတ်ဆက်ခဲ့ပြန်ပါတယ်။

MPT ရဲ့ ငါးမိနစ်စာအစီအစဉ်ဟာ ညနေ ၆ နာရီကနေ ည ၁၀နာရီအထိသာအကျုံးဝင်တာပြီး အူရီဒူးရဲ့ ဖလန်းဖလန်းအစီအစဉ်ကတော့ အချိန်တိုင်းအသုံးပြုလို့ ရခဲ့ပါတယ်။

MPT ရဲ့ ငါးမိနစ်စာအစီအစဉ်ကတော့ တစ်နာရီဆက်တိုက်ပြောရင် ငါးမိနစ်စာပဲကျသင့်မယ်ဆိုတော့ လူတွေရဲ့ စိတ်ဝင်စားမှုက အမြင့်ဆုံးကိုရောက်ရှိသွားခဲ့ပါတယ်။ ဒါပေမယ့် ငါးမိနစ်စာအစီအစဉ်ကို အသုံးပြုဖို့ ဆွေသဟာ အစီအစဉ်ကို လျှောက်ထားရမှာဖြစ်တာကြောင့် အင်တာနက်နှုန်းဈေးကြီးတဲ့ ဆွေသဟာအစီအစဉ်ကို ဖွင့်ထားဖို့ လက်တွန့်သွားကြပြန်ပါတယ်။ ဒါကြောင့် MPT ရဲ့ ငါးမိနစ်စာအစီအစဉ်ဟာ ကောက်ရိုးမီးလို ပေါ်ထွက်လာပြီး ပြန်လည်ငုပ်လျှိုးသွားခဲ့ရပါတယ်။

အူရီဒူးရဲ့ Phalan Phalan Voice အစီအစဉ်ကတော့ တစ်မိနစ်ကို နှစ်ဆယ်ကျပ်နဲ့ အမြဲသုံးလို့ ရနေတာကြောင့် သုံးစွဲသူအများစုက သဘောတွေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။ MPT ရဲ့ ငါးမိနစ်စာအစီအစဉ်ကတော့ လူပြောများတဲ့ အချိန်မှာလုပ်လိုက်တာဖြစ်ပြီး ဖုန်းလိုင်းတွေ ခဏ ခဏချွတ်ယွင်းပြုတ်ကျနေတာကြောင့် တစ်မိနစ်ကို ၂၃ကျပ်နဲ့ပဲ အဖြတ်ခံရပြီး အပိုထပ်ဆောင်းခံစားခွင့်ကိုလည်း အပြည့်အဝမရယူနိုင်ဘူးလို့ သုံးစွဲသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

အူရီဒူးကတော့ ပုံမှန်အနေအထားနဲ့ ဆက်သွားနေပြီး  MPT နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Phalan Phalan Voice အစီအစဉ်က နှုန်းထားအသက်သာ ဆုံးဖြစ်နေတာကို တွေ့ရပါတယ်။

( Paing AK )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment