Powered by Blogger.

မိုးရေကို သိမ်းဆည်းသိုလှောင်နိုင်ပြီး နေရောင်ခြည်စွမ်းအင် ကို ရယူနိုင်မယ့် ဒုက္ခသည် တဲအိမ်




ဒီ ခေါက်ပြီး သိမ်းဆည်းနိုင်တဲ့ တဲအိမ် တွေဟာ မိုးရေတွေကို သိမ်းဆည်း သိုလှောင်ထားနိုင်ပြီး နေရောင်ခြည် စွမ်းအင်ကို လည်း ရယူ သိုလှောင်ထားနိုင်တဲ့အတွက် ကမ္ဘာတစ်ဝှမ်းလုံးက သန်းပေါင်းများစွာ သော ဒုက္ခသည်တွေရဲ့ ဘ၀တွေကို ပြောင်းလဲနိုင်မှာပါ။

ထို တဲအိမ်ဟာ သဘာဝတရားအရ ရှာဖွေတွေ့ရှိနိုင်တဲ့ ကုန်ကြမ်းတွေကို အသုံးပြုထားပြီး ရိုးရာ ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုတွေ ဖြစ်တဲ့ ယက္ကန်း နည်းပညာ ကို အသုံးပြုပြီး တဲအိမ် နံရံတွေကို  စိုစွတ်ပြီး အေးမြတဲ့ ရာသီဥတု အခြေအနေ ကို စုပ်ယူနိုင်တဲ့ မျက်နှာပြင် ၂ ထပ် ကို အသုံးပြုထားတဲ့အတွက် ပူလောင်တဲ့ နွေရာသီမှာလည်း တဲအိမ်အတွင်း အေးမြမှု ကို ခံစားနိုင်မှာပါ။

ထိုတဲအိမ် ခေါင်မိုးမှာတော့ မိုးရေ ကို သိမ်းဆည်းထားကာ တဲအိမ် ရဲ့ အနောက်ဘက်ကို တစ်ဆင့်ချင်း ၀င်ရောက်သိုလှောင်ထားစေတဲ့ Thermosiphoning နည်းပညာကို အသုံးပြုထားတာကြောင့် တဲအိမ်မှာ နေထိုင်သူတွေအတွက် သုံးရေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

နေရောင်ခြည်စွမ်းအင်ကိုတော့ နေ့ခင်းဘက်မှာ သိမ်းဆည်းသိုလှောင်ထားပြီး ည အချိန်မှာ ဘက်ထရီ အဖြစ်နဲ့ ပြန်လည် အသုံးပြုကာ အလင်းရောင် ပြန်လည် ထုတ်ယူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ထို တဲအိမ်ကိုတော့ ဗိသုကာ နဲ့ ဒီဇိုင်းပညာ ရှင် Abeer Seikaly ဆိုသူအမျိုးသမီး က ဒီဇိုင်းရေးဆွဲ တည်ဆောက်ထားပြီး စစ်ပွဲကြောင့် အိမ်ခြေမဲ့ခဲ့သူတွေနဲ့ သဘာဝ ဘေးအန္တရာယ်ကြောင့် အိမ်ခြေမဲ့ခဲ့သူတွေကို ကူညီပေးနိုင်ရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

သူမရဲ့ ပရောဂျက်ကို အိမ်တစ်လုံး ကို ချုပ်လုပ်ခြင်းလို့ အမည်ပေးထားပြီး သူမရဲ့ ပရောဂျက်ဟာ ၂၀၁၃ ခုနှစ် Lexus Design ဆုကို ရရှိခဲ့ပါတယ်။




( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment