Powered by Blogger.

လိုဂိုအသစ်ပြောင်းလဲလိုက်တဲ့ Google




ကမ္ဘာပေါ်မှာ လူသိအများဆုံး ရှာဖွေရေးအင်ဂျင်တစ်ခုဖြစ်တဲ့ Google ဟာ ဒီနေ့ အင်တာနက် သုံးစွဲသူတွေကို ပုံစံသစ်နဲ့ နှုတ်ခွန်းဆက်သမှာဖြစ်ပါတယ်။ အထူးနေ့ တစ်ရက်အတွက် ရေးဆွဲထားတဲ့ Google doodle မဟုတ်ဘဲ Google လိုဂိုကို အပြီးတိုင်ပြောင်းလဲလိုက်တာဖြစ်ပါတယ်။

ဒီ လိုဂိုပြောင်းလဲမှုဟာ မူလသမားရိုးကျ Web browser တွေခေတ်ကို ကျော်လွန်လိုက်တဲ့ Google ရဲ့ ပြောင်းလဲမှုဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

အရင်တုန်းကတော့ Desktop ကွန်ပြူတာ တစ်လုံးတည်းကနေ ဒီ browser ကို သင်တို့ တွေ ရောက်ရှိအသုံးပြုနိုင်စေဖို့ အတွက် Google က ရည်ရွယ်ချက်တစ်ခုပဲ ထားခဲ့ပါတယ်။

ဒီဘက်ခေတ်မှာ တော့ လူတွေဟာ Google ထုတ်ကုန်တွေကို platform အမျိုးမျိုး၊ app အမျိုးမျိုး ၊ သုံးစွဲတဲ့ကိရိယာ အမျိုးမျိုးနဲ့ သုံးစွဲနေကြပါတယ်။ တစ်ခါတစ်ရံဆို တစ်ရက်တည်း ပလက်ဖောင်းအကုန်လုံးနဲ့ သုံးစွဲကြမှု လည်းရှိပါတယ်။

ပိုမိုအရောင်စုံတဲ့အတွေ့ အကြုံ ခံစားမှုမျိုးကို ပေးစွမ်းနိုင်ဖို့ အတွက် လိုဂိုကို အနည်းငယ်ပြောင်းလဲထားပြီး voice command အတွက် အရောင်စုံမိုက်ပုံလေး ထည့်သွင်းခဲ့ကာ tab ဘားမှာပေါ်တဲ့ အက္ခရာအသေး ‘g’ လိုဂိုလေးအစား အရောင် လေးရောင်ပါရှိတဲ့ ‘G’ စာလုံးလိုဂိုကို ပြောင်းလဲထားတယ်လို့ Google က ပြောကြားခဲ့ပါတယ်။

Google ရဲ့ ရှေ့ မှာ Yahoo ၊ Twitter ၊ Microsoft နဲ့ eBay တို့ က လိုဂိုစာလုံးတံဆိပ်တွေ အသီးသီး ပြောင်းလဲခဲ့ကြပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: USAtoday
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment