Powered by Blogger.

Gear S2 စမတ်နာရီကို Samsung တရားဝင် ကြေညာ




ကိုရီးယားနည်းပညာကုမ္ပဏီ Samsung ဟာ Gear စမတ်နာရီ အသစ် Gear S2 ကို တရားဝင်ထုတ်ပြန် ကြေငြာလိုက်ပါတယ်။ Gears S2 ဟာ စက်ပိုင်းပုံစံမျက်နှာပြင်အသစ်နဲ့ ဖြစ်ပြီး Apple Watch ထက် ဘက်ထရီသက်တမ်း ပိုကြာတယ်လို့ သိရပါတယ်။

Gear S2 နဲ့ Gear S2 Classic ဆိုပြီး မော်ဒယ်နှစ်မျိုးလာမှာဖြစ်ပြီး ၁.၂ လက်မ ပတ်လည်မျက်နှာပြင်၊ သုံးရက်ဘက်ထရီသက်တမ်းနဲ့ NFC ငွေပေးချေမှုနည်းပညာတွေ ပါဝင်မှာဖြစ်သလို နှလုံးခုန်နှုန်း၊ အပြေး အကွာအဝေး စတာတွေကို ဖော်ပြပေးမယ့် fitness tracking နည်းပညာပါ ပါဝင်မှာဖြစ်ပါတယ်။

နည်းနည်းဈေးပိုကြီးမယ်ဆိုတဲ့ Gear S2 မှာ သီးသန့် sim card အပေါက်ပါဝင်မှာဖြစ်ပြီး နာရီကနေ မက်ဆေ့ပို့ ၊ဖုန်းခေါ်တာတွေ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

အဆိုပါစမတ်နာရီနှစ်မျိုးမှာ အသုံးပြုနိုင်တဲ့ app ဘယ်လောက်ပါဝင်မလဲဆိုတာရယ်၊ ဈေးနှုန်းရယ် နဲ့  ဖြန့် ချိမယ့်ရက်စွဲကိုတော့ Samsung က ကြေညာခြင်းမရှိခဲ့ပါဘူး။

ကိုယ်ပိုင် operating system Tizen ကို အသုံးပြုထားတဲ့ Samsung ရဲ့ Gear S2 ဟာ Apple တစ်ခုတည်းကို ဈေးကွက်ပြိုင်ဆိုင်ရမှာမဟုတ်ဘဲ Google ရဲ့ Android Wear ဆော့ဖ်ဝဲကို အသုံးပြုထားတဲ့ စမတ်နာရီထုတ်လုပ်သူအများအပြားနဲ့ လည်း ဈေးကွက်ပြိုင်ရမှာ ဖြစ်ပါတယ်။

စမတ်နာရီအသစ်အတွက် ဒီဇိုင်းထုတ်လုပ်ထားတဲ့ app တွေကို ကြာပတေးနေ့  ဘာလင်မှာ ပြုလုပ်မယ့် IFA နည်းပညာပြပွဲမှာ စတင်မိတ်ဆက်သွားမှာဖြစ်ကြောင်း Samsung က ပြောကြားခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာသတင်းအချက်အလက်ကောက်ယူရေးအဖွဲ့ အစည်း IDC အရ Apple က ဧပြီ-ဂျွန် ကာလအတွင်းမှာ wearable devices တွေရဲ့ နံပတ် ၂ ထုတ်လုပ်သူဖြစ်ပြီး တစ်ကမ္ဘာလုံးဈေးကွက် ၂၀ ရာခိုင်နှုန်းကို သိမ်းပိုက်ထားကာ Apple နောက်မှာ Fitbit က တတိယနေရာက ရပ်တည်နေပါတယ်။ Samsung ကတော့ ၃.၃ ရာခိုင်နှုန်းနဲ့ ပဉ္စမနေရာမှာ ရှိပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : The Australian
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment