Powered by Blogger.

Windows 10 မှာ ပါဝင်တဲ့ Cortana က အသံ သို့ မဟုတ် စာ နဲ့ ဘာသာပြန်ဆိုပေးနိုင်




Microsoft ရဲ့ ပထမဆုံး digital assistant ဖြစ်တဲ့ Cortana ကို Windows 10 မှာ အသုံးပြုနိုင်ပါပြီ။ မကြာသေးမီက ထွက်ရှိခဲ့တဲ့ Microsoft operating system အသစ်အသုံးပြုသူတွေဟာ စကားလုံး၊ စကားစု နဲ့ ဝါကျတွေကို Desktop ကနေပဲ ဘာသာစကား ၄၀ နီးပါး ပြန်ဆိုနိုင်မှာဖြစ်ပါတယ်။

Windows 10 အသုံးပြုသူတွေဟာ တိုက်ရိုက်ဘာသာပြန်ဆိုပေးမယ့် feature အသစ် Cortana ကို အသုံးပြုချင်ရင် ‘Hey Cortana,how do you say” လို့ ပြောပြီး ကိုယ် ပြန်ဆိုချင်တဲ့ စကားကို ထပ် ပြောပေးရမှာဖြစ်ပါတယ်။ ဥပမာ “ Hey Cortana, translate ‘Where is the nearest taxi stand’ in French’ လို့ ပြောဆိုလိုက်ရင် Cortana က ပြင်သစ်ဘာသာစကားနဲ့ သင့်ကို အသံထွက်ပြန်ဆိုပေးမှာ ဖြစ်ပါတယ်။

အသံကို မသုံးမပြုဘဲလည်း၊ task bar မှာ စာရိုက်ကာ Cortana ကို ခိုင်းစေနိုင်ပါတယ်။ ယခု Cortana မှာ ဘူဂေးရီးယား၊ ဆွီဒင်၊ ကိုရီးယား နဲ့ ဂျပန်စကား တွေ ပါဝင်လာပြီး စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်ကား ‘Star Trek’ ထဲက Klingon မျိုးစုတွေအသုံးပြုတဲ့ ဘာသာစကားကိုပါ ပြန်ဆိုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အခု feature ကို အမေရိက နဲ့ တရုတ်နိုင်ငံ အတွက်ထုတ်တဲ့ Windows 10 တွေ မှာပဲ ရရှိနိုင်ဦးမှာဖြစ်ပေမယ့် မကြာမီအတွင်း Cortana ရဲ့ အဆင့်မြင့်ဘာသာစကားမျိုးစုံပြန်ဆိုနိုင်တယ့်အရည်အချင်းကို တခြား Windows 10 တွေမှာလည်း ထည့်သွင်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: theverge
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment