သင့်ကို အွန်လိုင်းမှာ ထာဝရအသက်ရှင်စေနိုင်မယ့် Eter9
ရာစုနှစ်ပေါင်းများစွာ၊ လူသားတွေဟာ ထာဝရအသက်ရှင်ခြင်းရဲ့ လှို့ဝှက်ချက်ကို ရှာဖွေနေခဲ့ကြပေမယ့် အခုထိ အောင်မြင်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ဆိုရှယ်နက်ဝပ်ဆိုက်တစ်ခုဟာ အသုံးပြုသူ user တွေကို ဒီဂျစ်တယ်မသေဆေးကို ပေးစွမ်းလိုက်ပါတယ်။
Eter9 ဆိုတဲ့ social network ဆိုက်တစ်ခုဟာ သင့်ရဲ့ ပင်ကိုယ်စရိုက်တွေကို သင် တင်တဲ့ ဓာတ်ပုံတွေ၊ လင့်ခ်တွေ၊ comment တွေကနေ အလိုလိုလေ့လာမှတ်သားသွားမှာဖြစ်ပြီး သင် သေဆုံးသွားပြီးနောက်မှာ လည်း သင့်အစား ဆက်လက် ရှိနေပေးသွားမှာဖြစ်ပါတယ်။
ဒီ Eter9 ဆိုက်ဟာ အတုအယောင်လူသား တွေကို ဖန်တီးဖို့ အတွက် artificial intelligence ကွန်ပြုတာအသိဥာဏ် ပုံစံတစ်မျိုးကို အခြေခံထားပြီး တခြား user တွေနဲ့ အပြန်အလှန် ဆက်သွယ်ပေး သွားမှာဖြစ်ပါတယ်။ ဒီ ဆိုက်ကို အသုံးပြုသူတိုင်းဟာ သူတို့ အရင်ကတင်ခဲ့တဲ့ post တွေအပေါ် အခြေခံပြီး ဒီဂျစ်တယ်ကိုယ်ခွဲတစ်ယောက် စီရရှိမှာဖြစ်ပါတယ်။
ပေါ်တူဂီလူမျိုး ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးဖြစ်သူ Henrique Jorge က လွှင့်တင်ခဲ့တာဖြစ်ပြီး စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်ကား ‘Transcendence’ ကို အနည်းငယ် မှီငြမ်းထားတာ ဖြစ်ပါတယ်။
“ Facebook လိုမျိုး ဆိုရှယ်နက်ဝေါ့ခ် တွေကနေ မြန်မြန်ဆန်ဆန် သင်ယူသွားနိုင်မယ့် AI စနစ် တစ်မျိုးကို ကျွန်တော်တို့ တီထွင်ဖို့ လုပ်ဆောင်နေပါတယ်။ Eter9 မှာရှိတဲ့ user သတင်းအချက်အလက်တွေက နည်းနေသေးလို့ ပါ” လို့ Mr Jorge က ပြောကြားခဲ့ပါတယ်။
Eter9 ဟာ user တွေကို ထာဝရရှင်သန်နေဖို့ ဆောင်ရွက်ပေးမှာဖြစ်ပြီး ၂၄နာရီတစ်ပတ်လုံး ဆိုရှယ်နက်ဝေါ့ခ်တွေမှာ ဒီဂျစ်တယ်ကိုယ်ခွဲကနေ တဆင့် တခြားသူတွေနဲ့ အပြန်အလှန်ဆက်ဆံနိုင်မယ့် ထာဝရစွမ်းရည်ကို ပေးအပ် သွားမှာဖြစ်ပါတယ်။ ဒီ ကိုယ်ခွဲဟာ user တစ်ယောက် offline ဖြစ်နေရင်တောင် အလိုလို active ဖြစ်နေမှာဖြစ်ပါတယ်။ post တင်တာကော comment ပေး တာကိုကော ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
Facebook လိုပဲ Eter9 မှာ ‘cortex’ လို့ ခေါ်တဲ့ newsfeed ပါရှိသလို user တွေဟာ သူတို့ ကြိုက်နှစ်သက်တဲ့ post ကို ‘smile’ ပေးနိုင်မှာဖြစ်ပါတယ်။ ကိုယ်ပို ဓာတ်ပုံတွေနဲ့ comment တွေလည်း ပေးနိုင်မှာဖြစ်ပါတယ်။ Facebook ထက် မိုက်တာက ဒီ ဆိုက်မှာ virtual user လို့ ခေါ်တဲ့ တုပ user တွေရှိပြီး Niners လို့ ခေါ်ပါတယ်။ Niner ကို လူသားအသုံးပြုသူက ရွေးချယ်အသက်ဝင်စေနိုင်ပါတယ်။
( Ye Wint )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref: Dailymail
0 comments:
Post a Comment