Powered by Blogger.

Force Touch ပါဝင်လာတဲ့ တန်ဖိုးကြီး Mate S စမတ်ဖုန်းအသစ် နဲ့ စမတ်နာရီတို့ ကို Huawei စတင်ကြေငြာ





တရုတ်ကုမ္ပဏီ Huawei ဟာ Mate S စမတ်ဖုန်းအသစ်နဲ့ စမတ်နာရီရဲ့ ဈေးနှုန်းနဲ့ အသေးစိတ် အချက်အလက်တွေကို မနေ့ က ဘာလင်မြို့ မှာပြုလုပ်ခဲ့တဲ့ IFA ကုန်စည်ပြပွဲမှာ ကြေငြာခဲ့ပါတယ်။

Huawei Watch ဟာ ပတ်လည်မျက်နှာပြင် ၄၂ မီလီမီတာရှိပြီး ၁.၄ လက်မရှိတဲ့ AMOLED touchscreen ပါဝင်ကာ ရွှေရောင်၊အနက်ရောင် နဲ့ ငွေရောင် ဆိုပြီး ကာလာဒီဖိုင်းအမျိုးမျိုးနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။ နှလုံးခုန်နှုန်းစစ်ဆေးပေးတဲ့ heart rate monitor ၊ storage 4GB နဲ့ 1.2 GHz ပရိုဆက်ဆာ ပါဝင်ပါတယ်။ Android OS စနစ်သုံးဖြစ်ပြီး ဘက်ထရီသက်တမ်း တစ်ရက်ခွဲအထိ ခံတယ်လို့ Huawei က ဆိုပါတယ်။

Huawei Watch ကို ဒေါ်လာ ၃၄၉.၉၉ နဲ့ စတင်ဝယ်ယူနိုင်ပြီး ၇၉၉ ဒေါ်လာအများဆုံးဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၀ ကျော်မှာရရှိနိုင်မှာဖြစ်ပြီး အမေရိကားကို စက်တင်ဘာ ၁၇ ရက်မှာ စတင်ရောက်ရှိမှာ ဖြစ်ပါတယ်။

Mate 5 ဖုန်းအသစ်ကတော့ ကိုယ်ထည်တစ်ခုလုံးသတ္တုနဲ့ ဖြစ်ပြီး HD 5.5 လက်မ display ပါဝင်ကာ iPhone 6S ရဲ့ feature အသစ်အဖြစ် ပါဝင်မယ်လို့ နာမည်ကြီးနေတဲ့ Force Touch နည်းပညာကို ဒီဖုန်းမှာ ထည့်သွင်းပါဝင်တာကို တွေ့ ရပါတယ်။ လက်ဗွေရာစနစ်၊ 13 megapixel အနောက်ကင်မရာ နဲ့ 8 megapixel ရှေ့ ကင်မရာ ပါဝင်ပြီး ကင်မရာနှစ်လုံးလုံးက LED မီးလုံးတွေ အသုံးပြုထားတာ ဖြစ်ပါတယ်။

Hislicon Kirin 935 octa-core ပရိုဆက်ဆာကို အသုံးပြုထားတာမို့ CPU speed ကတော့ အလွန် ကောင်းမွန်သလို RAM 3GB ပါဝင်ကာ 32 GB storage နဲ့ 64 GB ဆိုပြီး နှစ်မျိုးရွေးချယ် ၀ယ်ယူနိုင်ပါတယ်။ Force Touch မပါဝင်တဲ့မော်ဒယ်အမျိုးအစားကိုက ဒေါ်လာ ၇၂၉-၇၈၅ ၀န်းကျင် ရှိတာမို့ တန်ဖိုးမြင့်ဖုန်းတစ်လုံးဖြစ်ပါတယ်။ ရှန်ပိန်အရောင်၊ တိုက်တေနီယမ်အညိုရောင်၊ ရွှေအိုရောင် နဲ့ သန္တာကျောက်ပန်းရောင် ဆိုပြီး အရောင်လေးမျိုး ရွေးချယ်နိုင်မှာပါ။ Mate S ဖုန်းကို ဒီလကစပြီး ကြိုတင်မှာယူနိုင်မှာဖြစ်သလို Force Touch ပါဝင်တဲ့ 128 GB Mate S စမတ်ဖုန်း ဈေးကိုတော့ မထုတ်ပြန်ရသေးပါဘူး။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: nydailynews
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment