Powered by Blogger.

အူရီဒူးရဲ့ Phalan Phalan Voice အစီအစဉ်ဟာ ဖုန်းခေါ်ဆိုခ နှုန်းထား အသက်သာဆုံး ဖြစ်နေ




ဆက်သွယ်ရေး စနစ်တွေ တစ်ဖြည်းဖြည်းတိုးတက်လာတဲ့ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး အော်ပရေတာ တွေက လည်း သုံးစွဲသူ တိုးပွားလာစေဖို့အတွက် အစီအစဉ်သစ်တွေကို အပြိုင်အဆိုင် ချပြလာခဲ့ကြပါတယ်။

ပထမဆုံး အူရီဒူး ကုမ္မဏီက တစ်မိနစ် ကို ဖုန်းခေါ်ဆိုခ ၂၀ ကျပ်သာ ကျသင့်မယ့် Phalan Phalan Voice အစီအစဉ်ကို ချပြခဲ့ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေဟာ ဖုန်းခေါ်ဆိုခ အသက်သာဆုံး ဖြစ်နေတဲ့ အူရီဒူးကို ရွေးချယ်ခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ သြဂုတ်လ ၂၀ ရက်နေ့မှာ တယ်လီနော ကုမ္မဏီက တယ်လီနောဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုလျှင် တစ်မိနစ် ၁၈ ကျပ်နှုန်းသာ ကျသင့်မယ့် စူပါပွား အစီအစဉ်ကို ချပြလိုက်ပြန်ပါတယ်။ ဒါကြောင့် သုံးစွဲသူအားလုံးက တယ်လီနော ဆင်းမ်ကတ် တွေကိုရွေးချယ်ဖို့ အားသန်ခဲ့ကြပြန်ပါတယ်။

တယ်လီနော ရဲ့ စူပါပွား အစီအစဉ်ထွက်ပေါ်လာအပြီး သြဂုတ်လ ၃၀ ရက်မှာတော့ မူလ လက်ဟောင်း ဆက်သွယ်ရေးအော်ပရေတာ ဖြစ်တဲ့ MPT က "နာရီတိုင်းမှာ ၅ မိနစ်စာ" ဆိုတဲ့ အစီအစဉ်သစ်ကို ချပြလိုက်ပြန်ပါတယ်။ ဒီအစီအစဉ်ကတော့ မိုဘိုင်းလ်ဖုန်း သုံးစွဲသူအားလုံး သဘောကျသွားခဲ့ကြရပါတယ်။ အကြောင်းအရင်းကတော့ MPT ရဲ့ အစီအစဉ်သစ်ဟာ ၁ နာရီစာ ဖုန်းခေါ်တဲ့အခါမှာ ပထမဆုံး ၅ မိနစ် စာ ဖုန်းခေါ်ဆိုခကိုပဲ ပေးဆောင်ရမှာ ဖြစ်နေလို့ပါ။

ဒါပေမယ့်လည်း ထို အော်ပရေတာ ၃ ခုလုံး ရဲ့ ပရိုမိုးရှင်း အစီအစဉ် ၃ခုကို ပြန်ပြီး ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါမှာ တယ်လီနော ရဲ့ စူပါပွား အစီအစဉ်ဟာ တယ်လီနော ဖုန်းအချင်းချင်း(On-Net) ခေါ်ဆိုမှသာ ၁ မိနစ် ၁၈ ကျပ် ကျသင့်မှာ ဖြစ်ပြီး တယ်လီနော အသုံးပြုသူက အခြားဆင်းမ်ကတ် အသုံးပြုသူထံ (Off-Net) ဖုန်းခေါ်ဆိုမယ်ဆိုရင်တော့ ၁ မိနစ်ကို ၂၃ ကျပ်ကျသင့်ဦးမှာ ဖြစ်ပါတယ်။

MPT ရဲ့ နာရီတိုင်းမှာ ၅ မိနစ် စာ အစီအစဉ်သည်လည်း တစ်နာရီကို ၅ မိနစ်စာ ဖုန်းခေါ်ဆိုခ သာ ပေးဆောင်ရပေမယ့် ညနေ ၆ နာရီကနေ ည ၁၀ နာရီအတွင်း မပါဝင်ပါဘူး။ ကျန် အချိန်တွေမှာပဲ အကျုံးဝင်တာပါ။ ဒါ့အပြင် နာရီတိုင်းမှာ ၅ မိနစ်စာ အစီအစဉ်ကို ရယူဖို့အတွက် ဆွေသဟာ အစီအစဉ်ကိုလည်း အသုံးပြုထားမှ ရမှာပါ။ ဒါကြောင့် အဓိက ဖုန်းခေါ်ဆိုမှု အများဆုံး ဖြစ်တဲ့ ညနေ ၆ နာရီကနေ ည ၁၀ နာရီ အတွင်းကတော့ ၁ မိနစ်ကို ၂၃ ကျပ်နှုန်းကျသင့်နေဦးမှာပါ။

အူရီဒူး ရဲ့ Phalan Phalan Voice အစီအစဉ်ကတော့ ၁ မိနစ် ကို ၂၀ ကျပ်ကျသင့်မှာ ဖြစ်ပြီး ဘယ်ဖုန်းကို ခေါ်ခေါ် ၊ ဘယ်အချိန်မှာ ခေါ်ခေါ် ၁ မိနစ်ကို ၂၀  ကျပ်ပဲ ကျသင့်နေဦးမှာဖြစ်တဲ့အတွက် ပျမ်းမျှအားဖြင့်တော့ အူရီဒူး ရဲ့ Phalan Phalan Voice အစီအစဉ်ဟာ ဆက်သွယ်ရေးအော်ပရေတာတွေရဲ့ ပရိုမိုးရှင်းအစီအစဉ်တွေထဲမှာတော့ ဖုန်းခေါ်ဆိုခ နှုန်းထား အသက်သာဆုံး ဖြစ်နေဆဲပါ။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment