Powered by Blogger.

ThinkPad Yoga မော်ဒယ်အသစ်နှစ်မျိုးကို Lenovo စတင် ပြသ




Lenovo ရဲ့ နှစ်မျိုးစပ်လက်ပ်တော့ ThinkPad ဟာ တက်ဘလက်တစ်ခုအသွင်ပြောင်းလဲဖို့ နောက်ကို ၃၆၀ ဒီဂရီအပြည့် ခေါက်ချိုးလှန်နိုင်တဲ့ ပထမဦးဆုံး PC တွေထဲက တစ်ခုဖြစ်ပါတယ်။ အဆိုပါ ခေါက်ချိုးလှန်နိုင်တဲ့စတိုင်ဟာ Windows 8 ခေတ်မှာ စတင်နာမည်ကြီးခဲ့တာဖြစ်ပြီး Lenovo ဟာ အဆိုပါနည်းပညာကို Chromebook တွေနဲ့ စီးပွားရေး လုပ်ငန်းသုံးလက်ပ်တော့တွေမှာပါ ထည့်သွင်းခဲ့ပါတယ်။

အခုအခါမှာ Lenovo ဟာ ThinkPad Yoga 260 နဲ့ ThinkPad Yoga 460 ဆိုပြီး မော်ဒယ်အသစ် နှစ်မျိုးကို စတင်မိတ်ဆက်လိုက်ပါတယ်။

အခု Yoga လက်ပ်တော့-တက်ဘလက် ပေါင်းစပ် hybrid ဟာ အရင်ကမော်ဒယ်တွေထက် ပိုမို ပါးလွှာပြီး အလေးချိန် ပိုမိုပေါ့သွားပါတယ်။ ၁၂.၅ လက်မအရွယ်အစားရှိတဲ့ Yoga 260 က အလေးချိန် ၂.၉ ပေါင် ရှိပြီး HD 1920×1080 pixel အရည်အသွေးအပြည့်ကို ခံစားနိုင်မှာဖြစ်ကာ 512 GB solid-state hard drive ပါဝင်ပါတယ်။

၁၄ လက်မ Yoga 460 ကတော့ ၃.၉ ပေါင်လေးပြီး resolution 2560×1440 pixel အထိ ရရှိနိုင်မှာ ဖြစ်ကာ သိုလှောင်မှုပမာဏကတော့ 1TB hard drive နဲ့ 256 GB SSD ပါဝင်ပါတယ်။ Nvidia GeForce 940 M ဂရပ်ဖစ်အမြင့်စားကိုလည်း အသုံးပြုထားပါတယ်။

ဒီမော်ဒယ်နှစ်ခုလုံးရဲ့ အကြီးမားဆုံး update ကတော့ Intel ရဲ့ ဆဌမမျိုးဆက် sixth generation Core i-series chipset တွေကို အသုံးပြုထားတာဖြစ်ပါတယ်။ LTE ကြိုးမဲ့အင်တာနာကိုလည်း ရွေးချယ်တပ်ဆင်နိုင်ပေမယ့် အခုခေတ်မှာတော့ တော်တော်များများက ဖုန်းကနေပဲ tethering လွှင့်သုံးနေကြတာ ဖြစ်တဲ့အတွက် ဒီ feature ကို ဒီဘက်ခေတ်မှာ တွေ့ ရှိရမှုက နည်းပါးသွားပါပြီ။

ThinkPad Pen Pro လို့ ခေါ်တဲ့ Stylus က လျှပ်စစ်စွမ်းအင်အသုံးပြုရမှာဖြစ်ပြီး ThinkPad ကိုယ်ထည်ဘေးက Stylus အပေါက်မှာ ပြန်ထိုးလိုက်ရင် အလိုလိုအားပြန်သွင်းသွားမှာဖြစ်ပါတယ်။

ThinkPad Yoga 260 ကို ဒေါ်လာ ၉၄၉ နဲ့ စတင်ရောင်းချမှာဖြစ်ပြီး Yoga 460 ကတော့ ဒေါ်လာ ၁၀၄၉ ဖြစ်ပါတယ်။ 260 ဟာ နိုဝင်ဘာလမှာ အမေရိကနဲ့ တခြားရွေးချယ်ဖြန့် ချိမယ့်နိုင်ငံတွေကို ရောက်ရှိမှာဖြစ်ပြီး 460 မော်ဒယ်ကတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အောက်တိုဘာလလောက်မှာ ၀ယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: cnet
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment