Powered by Blogger.

NVIDIA ကထုတ်လုပ်လိုက်တဲ့ မိုဘိုင်း စူပါကွန်ပျူတာ


သူတို့ရဲ့ စက်ပစ္စည်းတွေကို သင်ယူမှုမြန်စေဖို့အတွက် နည်းလမ်းကို ရှာဖွေနေကြတဲ့ Hardware ဖန်တီးသူတွေဟာ အခုတော့ Nvidia ရဲ့ အကူအညီအချို့ကို ရခဲ့ကြပါပြီ။

ဂရပ်ဖစ်ကတ်တွေကို အဓိကထားထုတ်လုပ်တဲ့ Nividia ကုမ္ပဏီဟာ စက်သင်ယူလေ့လာမှုပိုင်းကို အာရုံစိုက်လုပ်ဆောင်ထားတဲ့ Jetson TX1 developer module ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီစက်က dynamic input အတွက်လိုအပ်တဲ့ တွက်ချက်မှုတွေအပေါ် အခြေခံထားတဲ့ စက်ပစ္စည်းတွေကို ဖန်တီးဖို့ လိုအပ်ချိန် ကို နည်းပါးသွားစေနိုင်ပါတယ်။ ဒီနေရာမှာ ထိန်းချုပ်သူမဲ့ ဒရုန်းတွေ၊ မျက်နှာဖတ်စက်တွေ ကွန်ပျူတာအမြင်နဲ့ အပြုအမူဆိုင်ရာ လေ့လာစမ်းစစ်ချက်တွေ ပါဝင်ပါတယ်။
ဒီသေးငယ်လှတဲ့ စူပါကွန်ပျူတာဟာ teraflop လို့ခေါ်တဲ့ (1012 floating point) လုပ်ဆောင်ချက်စွမ်းရည်ကို ပေးပါတယ်။ 802.11 ac နဲ့ Ethernet ကတဆင့် ချိတ်ဆက်မှုတွေ ပြုနိုင်ပါတယ်။ 10 Watts အောက်မှာ အလုပ်လုပ်ပြီး Linux OS ကို တပ်ဆင်ထားပါတယ်။

TX1 developer kit ကို နိုဝင်ဘာလ ၁၂ရက်နေ့မှာ ကြိုတင်မှာထားနိုင်ပြီး နိုဝင်ဘာ ၁၆ရက်နေ့မှာ ရနိုင်ပါတယ်။ လက်လီဈေးကတော့ ကန်ဒေါ်လာ ၅၉၉ ပါ။ ဒါပေမဲ့ ကန်ဒေါ်လာ ၂၉၉နှုန်းနဲ့ ကျောင်းသားတစ်ယောက်ကို တစ်ခုစီ ဝယ်ယူခွင့်ပြုထားပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: engadget

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment