Powered by Blogger.

“ ရယ်ရလွန်းလို့မျက်ရည်ကျနေတဲ့မျက်နှာ” နဲ့ emoji အရုပ်ကလေးကို Word of the Year အဖြစ်သတ်မှတ်




Oxford Dictionaries မှာ ၂၀၁၅ ခုနှစ်ရဲ့ Word of the Year ကို သတ်မှတ်ပြီးဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တော့ ဒါက စာလုံးတစ်လုံး မဟုတ်ခဲ့ပါဘူးတဲ့။ emoji လို့ခေါ်တဲ့ သင်္ကေတအရုပ်လေး ဖြစ်ပါတယ်။

 “ရယ်ရလွန်းလို့မျက်ရည်ကျနေတဲ့မျက်နှာ” နဲ့ emoji အရုပ်ကလေးကို ၂၀၁၅ ခုနှစ်ရဲ့ Word of the Year အဖြစ် အဘိဓာန်စာအုပ်ထုတ်ဝေသူက သတ်မှတ်ခဲ့တာဖြစ်ပြီး ဒါဟာ စာလုံးတစ်လုံးမဟုတ်ဘဲ Winner အဖြစ် အရွေးခံရတာဖြစ်ပါသတဲ့။

တကယ်တော့ ဒီ emoji ကို ရုပ်ပြစကားလုံး(pictographs) အဖြစ် သတ်မှတ်နိုင်ပြီး ၂၀၁၅ ခုနှစ်အတွင်း ခံစားချက်၊ ဓလေ့စရိုက်နဲ့ လူတွေအပေါ် လွှမ်းမိုးမှုရှိနေတဲ့ အကောင်းဆုံး စကားလုံးဖြစ်တာကြောင့် ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

Emojis တွေကို ၁၉၉၀ ခုနှစ်ကတည်းက အသုံးပြုခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာတော့ ရုပ်ပြစကားလုံး (pictographs) အတော်များများ သုံးစွဲလာခဲ့ကြတာဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေသာမက လူဦးရေအများအပြားက စာရေးသားဆက်သွယ်ရာမှာ သုံးစွဲလာကြတာဖြစ်ပြီး ဘာသာစကားပေါင်းစုံကလည်း သုံးစွဲနေကြတာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Upi

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment