Powered by Blogger.

၉၈ ရာခိုင်နှုန်း လေဖြင့်တည်ဆောက်ထားသော ရွှေတုံးများကို သိပ္ပံပညာရှင်များတီထွင်ခဲ့



ခေတ်သစ် အဂ္ဂိရတ်ပညာဖြင့် ၂၀ကာရတ် ရွှေကို ပေါ့ပေါ့ပါးပါးဖြစ်အောင် ပုံစံပြောင်းရာမှာ ဆွစ်ဇလန်နိုင်ငံရှိ ETH Zurich (သိပ္ပံနှင့်နည်းပညာတက္ကသိုလ်) မှ သိပ္ပံပညာရှင်တွေက အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ်။

လေနှင့်အခေါင်းပေါက်တွေ ရောထွေးထားပြီး လေလောက်နီးနီး ပေါ့ပါးတဲ့ ဒီရွှေတုံးတွေရဲ့ ၉၈ရာခိုင်နှုန်းဟာ လေတွေပဲဖြစ်ပါတယ်။ ဒီရွှေတုံးတွေဟာ ဓာတ်မလိုက်ပါဘူး။ လေဖိအားမှာ တည်ဆောက်မှု ရွှေအက်တမ်တွေက တစ်ခုနဲ့တစ်ခု လုံးဝ မထိလို့ပဲဖြစ်ပါတယ်။

"ဒီရွှေတုံးတွေဟာ လေလောက်နီးနီးပေါ့ပါးတဲ့အတွက် ရေထက်တောင် ပေါ့ပါတယ်။  သာမန်ရွှေသတ္တုစပ်တွေနဲ့ယှဉ်မယ်ဆိုရင် အဆပေါင်း ၁၀၀၀ လောက်ပိုပေါ့ပါတယ်။" လို့ ETH Zurich မှ အစားအသောက်နှင့် အပျော့ထည်ဆိုင်ရာ ပါမောက္ခ Raffaele Mezzenga ကပြောခဲ့ပါတယ်။

ဒီရွှေတုံးတွေကို ဖန်တီးရာမှာ ပထမဆုံး နို့ပရိုတိန်းတွေနဲ့ နာနိုမီတာ စကေးရှိတဲ့ ဖိုင်ဘာတွေဖြစ်အောင် ပြိုကွဲသွားတဲ့အထိ အပူပေးရပါတယ်။ ပြီးနောက် ရွှေမှုန် ပျော်ရည်နဲ့ ရောကာ ဂျယ်နဲ့တူတဲ့ အမျှင်သိပ်သည်းမှုဖြစ်အောင် စပ်ရပါတယ်။ အဲ့ဒီ့နောက် အဲ့ဒါကို ကာဗွန်ဒိုင်အောက်ဆိုဒ်မှာ နှစ်ပြီး ညင်ညင်သာသာ အခြောက်ခံရပါတယ်။ ရလာတဲ့ ထုတ်ကုန်ကတော့ သဘာဝရွှေအတိုင်းပါပဲ။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: engadget

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment