Powered by Blogger.

လမ်းလျှောက်ကာစကလေး အများစုဟာ စမတ်ဖုန်း အသုံးပြုနေဟုဆို



လမ်းလျှောက်တတ်ကာစ ကလေးအများစုဟာ စမတ်ဖုန်းတွေကို အသုံးပြုလျှက်ရှိတယ်လို့ North Philadelphia မှ လေ့လာမှုသစ်တစ်ရပ်အရ သိရပါတယ်။

ဆင်းရဲတဲ့ ကလေးငယ်တွေတောင် စမတ်ဖုန်းတွေ အသုံးပြုလာတာဟာ သိသိသာသာများလာကြောင်း ဒီလေ့လာမှုက ပထမဆုံးအကြိမ်အဖြစ် တင်ပြခဲ့တာပါ။ ဒီလေ့လာမှုကို ဝင်ငွေနည်းနဲ့ လူနည်းစု မိသားစုတွေစီမှာ လေ့လာမှုပြုခဲ့တာပါ။

ဒီကလေးတွေဟာ စမတ်ဖုန်းတွေနဲ့ တက်ဘလက်တွေ မရှိတဲ့ မိသားစုတွေမှာ ဖြစ်လေ့ရှိပါတယ်။ နည်းပညာဆိုတာ ပိုက်ဆံရှိတဲ့ လူတွေအတွက်ပါပဲ။ ဒါပေမဲ့ အိုင်းစတိုင်းဆေးစင်တာ ကနေပြုလုပ်ခဲ့တဲ့ ဒီလေ့လာမှုအရ ဒီဂျစ်တယ်နည်းပညာက လူတန်းစား သိပ်မဟတော့ဘူးဆိုတာကို ပြသလာပါတယ်။

ကလေးတွေဟာ လမ်းမလျှောက်တတ်ခင်၊ စကားမပြောတတ်ခင်မှာတင်၊ တော်တော်များများက စမတ်ဖုန်းတွေကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ သိကြတာ ပုံမှန်လို ဖြစ်လာပါပြီ။

မိဘအများစုဟာ သူတို့ရဲ့ ကလေးတွေကို အာရုံလွှဲပြီး ဖျော်ဖြေဖို့အတွက် နည်းပညာကို သုံးကြပြီး ၂၈ရာခိုင်နှုန်းလောက်ကတော့ ကလေးတွေ အိပ်ပျော်သွားစေဖို့အတွက် သုံးကြတယ်လို့ လေ့လာမှုက ပြသခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: CBS Philly



Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment