Powered by Blogger.

Wireless Charging လောကကိုကိုင်လှုပ်ဖွယ်ရှိတဲ့ AirFuel Alliance



Wireless charging လောကကြီးက လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အုပ်စုကြီး ၃စုကွဲ သွားခဲ့ပါတယ်။
ဒီနေ့ခေတ်မှာတော့ ပြောင်းလဲသွားပါပြီ။ အုပ်စုကြီး ၃စုအနက်က Alliance for Wireless Power နဲ့ Power Matters Alliance ဆိုတဲ့ အဖွဲ့ ၂ဖွဲ့ဟာ ပေါင်းစည်းသွားပြီးတော့ AirFuel Alliance ရယ်လို့ ဖြစ်လာပါတယ်။

AirFuel Alliance ဟာ သူ့ရဲ့ brand ထိုးဖောက်ဖို့အတွက် Intel, Samsung အပါအဝင် တခြားကုမ္ပဏီပေါင်း ၁၅၀နဲ့ လက်တွဲထုတ်လုပ်သွားဖို့ရှိပါတယ်။ သူ့မှာ ပြိုင်ဘက်ဆိုလို့ တစ်ဦးတည်းကျန်ခဲ့တဲ့ Wireless Power Consortium ပဲ ကျန်ပါတော့တယ်။ ဒါပေမဲ့လည်း လွယ်လွယ်နဲ့တော့ မနိုင်နိုင်ပါဘူး။ လက်တွဲလုပ်ဆောင်မယ့် ကုမ္ပဏီကြီးတွေကလည်း ဘယ်သူသာပြီး ထိုးထွက်လာမလဲဆိုတာကို စောင့်ကြည့်နေပါတယ်။ ဒါကလဲ ဖြစ်သင့်တာပါပဲ။

အနာဂတ်မှာ ကျွန်တော်တို့ရဲ့ ဖုန်းတွေကို ဘယ်လို Wireless အားသွင်းလို့ရမလဲ ဆိုတာကို သေသေချာချာတော့ မသိရသေးပါဘူး။ ကော်ဖီဆိုင်တစ်ဆိုင် သွားလို့ ဖုန်းကလည်း အားနည်းနေပြီဆိုရင်၊ ပိုင်ရှင်တွေက Wireless Charging နဲ့ ဖြေရှင်းပေးနိုင်လိမ့်မယ် ထင်ပါတယ်။ Wi-Fi Free ရတဲ့ ကော်ဖီဆိုင်လေးတွေ များလာသလိုမျိုးပေါ့။

( Jack )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref:TheVerge


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment