Powered by Blogger.

တောမီးလောင်စဉ် အိမ်ကို ကီလိုမီတာ ၃၀၀၀အကွာမှ စမတ်ရေဖြန်းများဖြင့် ကာကွယ်နိုင်ခဲ့သော ပါမောက္ခ



နိုဝင်ဘာလ ၂၆ရက်နေ့က သြစတြေးလျ တောင်ပိုင်းမှာ ဧကပေါင်း ၈၅၀၀၀ ကို တောမီးလောင်ခဲ့ပါတယ်။ လူ ၂ဦးသေ၊ ၃၀ဦး ဒဏ်ရာရပြီး လူနေအိမ် ၁၆ခု ပျက်စီးခဲ့ရပါတယ်။ ဒါပေမဲ့ ဉာဏ်ကောင်းလွန်းတဲ့ ပါမောက္ခတစ်ယောက်ကတော့ အိမ်နဲ့ ကီလိုမီတာ ၃၀၀၀ အကွာမှာ ရောက်နေခဲ့ပေမဲ့ သူ့ရဲ့အိမ်ကို အဝေးကနေပြီး မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ စမတ်ဖုန်းအသုံးပြုပြီး စမတ်ရေဖြန်းစက်တွေကို အဝေးထိန်းနဲ့ ဖွင့်ခဲ့တာပါ။

သူ့နာမည်ကတော့ Simon Maddocks ဖြစ်ပြီး Charles Darwin တက္ကသိုလ်မှ ကျောင်းအုပ်ပါ။ တောမီးကြီးလောင်မှုက သူ့အိမ်ကို ကူးစက်လာနိုင်ကြောင်း သူငယ်ချင်းတွေကနေ မက်ဆေ့ခ်ျတွေ သူ့ဆီပေးပို့ သတိပေးခဲ့ကြပါတယ်။

သူဟာ တက္ကသိုလ် ရုံးခန်းမှာ အေးအေးလူလူ ထိုင်နေခဲ့တာပါ။ အန္တရာယ်နဲ့လည်း အဝေးကြီးပါ။ ဒါပေမဲ့ သူ့ဂျုံခင်းတွေဟာ မီးကူးစက်လာနိုင်ကြောင်းကို သိခဲ့ပြီး သူ့စမတ်ဖုန်းပေါ်က CFS မြေပုံတွေကို အသုံးပြုကာ ကီလိုမီတာ ၃၀၀၀ အကျော်က မီးတောက်တွေကို ခြေရာခံခဲ့ပါတယ်။ အဲ့ဒီ့မတိုင်ခင် သူ့အိမ်က CCTV ကင်မရာတွေကိုလည်း ချိတ်ဆက်ခဲ့ပါသေးတယ်။

မီးတောက်တွေဟာ သူ့ဂျုံခင်းကို မိနစ်ပိုင်းအတွင်း ဝါးမျိုသွားခဲ့ပြီး လယ်အိမ်ကို ကူးစက်ခဲ့ပါတယ်။  ပါမောက္ခ Maddocks ဟာ အကူအညီကင်းမဲ့သလို ခံစားခဲ့ရပေမဲ့ စမတ်ရေဖြန်းစက်တွေကို ဉာဏ်ရှိရှိနဲ့ ဖွင့်နိုင်ခဲ့ပြီး အန္တရာယ်ကို အချိန်မှီ တားဆီးလိုက်နိုင်ခဲ့ပါတယ်။

ဒီကိစ္စမှာ စမတ်အိမ် တစ်လုံးတည်ဆောက်ထားခြင်းက အရမ်းကို စမတ်ကျတဲ့ လှုပ်ရှားမှုဖြစ်ကြောင်း သင်ခန်းစာရလိုက်ပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment