Powered by Blogger.

အူရီဒူး က အထူးလက်ဆောင်အစီအစဉ်ကို နောက်တစ်ကြိမ် ပြန်လည်စတင်




နိုဝင်ဘာ လ အလယ်ပိုင်းလောက်က အူရီဒူး (ooredoo) ကုမ္မဏီဟာ အူရီဒူးဆင်းမ်ကတ် ပိုင်ဆိုင်ထားပြီး  မသုံးတာ အနည်းဆုံး တစ်ပတ် ခန့် ကြာပြီဖြစ်တဲ့ သုံးစွဲသူတွေကို ဖုန်းပြန်ဖွင့်လိုက်တာနဲ့ ဖုန်းဘေလ် ၅၀၀ (သို့) အင်တာနက်သုံးစွဲခွင့်ဒေတာ 500MB တို့ကို ပေးအပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ထိုပေးအပ်တဲ့ လက်ဆောင် အစီအစဉ်ကို နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ရပ်နားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် နိုဝင်ဘာ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ Black Friday အွန်လိုင်းဈေးဝယ်ယူခြင်းနေ့ မှာ Shop.com.mm နဲ့အတူ ပူးပေါင်းပြီး အူရီဒူး သုံးစွဲသူတွေတိုင်း Shop.com.mm ၀က်ဘ်ဆိုက်ကို ၀င်ရောက်ကြည့်ရှုဖို့အတွက် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်ကနေ ၂၀၁၆ ခုနှစ်၊ မေလ ၂၄ ရက်အတွင်း တစ်လကို အင်တာနက်ဒေတာ 100MB အခမဲ့ ပေးအပ်တဲ့အစီအစဉ်ကို စတင်ခဲ့ပြန်ပါတယ်။

အခုတော့ သုံးစွဲသူတွေ တစ်ခဲနက် သဘောကျခဲ့တဲ့ မသုံးတာကြာတဲ့ အူရီဒူး ဖုန်းတွေ ပြန်ဖွင့်လိုက်တာနဲ့ ဖုန်းဘေလ်(သို့) အင်တာနက်ဒေတာ တွေလက်ဆောင်ပေးတဲ့ အစီအစဉ်ကို နိုဝင်ဘာ ၂၈ ရက်နေ့ကနေ ပြန်လည်စတင်လိုက်ပြန်ပါတယ်။

ဒါ့အပြင် အူရီဒူးက တရားဝင်ပြောကြားလာတာကတော့ အူရီဒူးဆင်းမ်ကတ်ကို ပိုင်ဆိုင်ထားပြီး မသုံးပဲမနေပဲ အသုံးပြုနေသူများအနေနဲ့ မကြာခင် အူရီဒူးက တင်ဆက်မယ့် ကံစမ်းမဲ အစီအစဉ်တွေကို ပါဝင်နိုင်မယ်လို့ သိရပါတယ်။ ကံစမ်းမဲ အစီအစဉ်အသစ်နဲ့ပတ်သက်ပြီးတော့ အူရီဒူးမှ သတင်းထုတ်ပြန်ခြင်းတော့မရှိသေးပါဘူး။

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment