Powered by Blogger.

စတာလင်ပေါင် ၂၄ သန်း နဲ့ ရောင်းချခဲ့ပြီး ကမ္ဘာ့ တန်ဖိုးအထိုက်တန်ဆုံး ကား ဖြစ်လာတဲ့ Ferrari 290 MM




ရှေးဟောင်း Ferrari အမှတ်တံဆိပ် ပြိုင်ကားတစ်စီးဟာ ပိုင်ရှင် ဗြိတိန်လူမျိုးက လေလံပွဲတစ်ခုအတွင်း စတာလင်ပေါင် ၂၄ သန်း နဲ့ လေလံတင်ရောင်းချအပြီးမှာ ကမ္ဘာ့ တန်ဖိုးအထိုက်တန်ဆုံး ကား တစ်စီး ဖြစ်လာခဲ့ပါတယ်။

ရှားပါး ပြိုင်ကားတစ်မျိုးဖြစ်တဲ့ Ferrari 290 MM ဟာ ကမ္ဘာ့ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ ၅ ကြိမ်တိုင်ချန်ပီယံဖြစ်ဖူးသူ သမိုင်းဝင် ပြိုင်ကားမောင်းသမား Juan Manuel Fangio ပြိုင်ပွဲဝင် ဖို့ မောင်းနှင်ခဲ့ဖူးတဲ့ ကားပဲ ဖြစ်ပါတယ်။

ထို ကားဟာ အမိုးမပါတဲ့ ကားအမျိုးအစား ဖြစ်ပြီး ၃.၅ လီတာ V12 အင်ဂျင် ကို ထည့်သွင်းပေးထားပါတယ်။ အင်ဂျင်ရဲ့ မြင်းကောင်ရေအားကတော့ 345bhp ရှိပြီး အမြန်ဆုံး အရှိန်အနေနဲ့ တစ်နာရီ မိုင် ၁၈၀ အထိ မောင်းနှင်နိုင်ပါတယ်။ Fangio ဟာ ထိုကားကို အသုံးပြုပြီး ၁၉၅၆ ခုနှစ်က Mille Miglia ဆိုတဲ့ မိုင် ၁၀၀၀ ကားမောင်းပြိုင်ပွဲမှာ ၀င်ပြိုင်ခဲ့ပြီး ရာသီဥတု အခြေအနေကြောင့် စတုထ္ထ နေရာ သာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ထိုကားကို အခြား နာမည်ကြီး ပြိုင်ကားမောင်းသူတွေဖြစ်တဲ့ Phil Hill နဲ့ Alfonso de Portago တို့လည်း မောင်းနှင်ဖူးပြီး ၁၉၅၇ ခုနှစ်က Buenos Aires ဆိုတဲ့ ကီလိုမီတာ ၁၀၀၀ ပြိုင်ပွဲမှာလည်း အောင်ပွဲ ရခဲ့ဖူးတဲ့ ကားတစ်စီးပဲ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ထိုကားကို စတာလင်ပေါင် ၁၈ သန်းနဲ့ ၂၁ သန်းကြားမှာ ရောင်းချမယ်လို့ ထင်ခဲ့ပေမယ့် အခွန်အခနဲ့ ထိန်းသိမ်းခ တွေ ပေါင်းလိုက်တဲ့အခါမှာတော့ စတာလင်ပေါင် ၂၄ သန်း ကျသင့်သွားတာ ဖြစ်ပါတယ်။

ရှေးဟောင်း ကားတွေထဲမှာ ဈေးအများဆုံး ရခဲ့ဖူးတာကတော့ ၂၀၁၄ ခုနှစ်မှာ စတာလင်ပေါင် ၂၃ သန်း နဲ့ ရောင်းချခဲ့တဲ့ Ferrari 250 GTO ပဲဖြစ်ပါတယ်။ ထိုခေတ်ကာလ က ကျန်နေခဲ့တဲ့ အခြားကား တွေနဲ့ မတူညီတဲ့အချက်ကတော့ ဒီ Ferrari 290 MM ဟာ တိုက်ခဲ့ဖူးခြင်းလည်း မရှိသလို အင်ဂျင် ၊ ဂီယာ ဘောက်စ် ၊ အောက်ခံထည် ၊ ကိုယ်ထည် တို့အားလုံးဟာ အော်ရီဂျင်နယ် ပစ္စည်းများသာ ဖြစ်နေတာပါ။



( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment