Powered by Blogger.

အာကာသတွင်းခရီးသွားလာမှုအတွက် ဒီဇိုင်းထုတ်ထားတဲ့ ‘Iron Man’ ပုံစံ စက်ရုပ်ကို တရုတ် စတင်ပြသ




Iron Man ဟာ ရုပ်ရှင်ပိတ်ကားတွေကိုစွန့် ခွာပြီး လကမ္ဘာဆီ ဦးတည်နေပြီဖြစ်ပါတယ်။

တရုတ်အာကာသအေဂျင်စီရဲ့ အဓိက ကန်ထရိုက်တာ China Aerospace Science and Technology Corporation ( တရုတ် အာကာသလေကြောင်းတည်ဆောက်မှု သိပ္ပံနှင့်နည်းပညာကော်ပိုရေးရှင်း) က Marvel ရုပ်ပြစာအုပ်ဇာတ်ကောင် Iron Man နဲ့ တော်တော်တူတဲ့ စက်ရုပ်တစ်ရုပ်ကို စတင်မိတ်ဆက်ပြသလိုက်ပါတယ်။

Iron Man ရဲ့ အထင်ကရအရောင်အသွေးပုံစံအတိုင်း ဒီစက်ရုပ်ကို ပြုလုပ်ထားသလို Tony Stark ရဲ့ ရင်ဘတ်မှာ ထည့်သွင်းထားတဲ့ arc reactor အတိုင်း ရင်ဘတ်မှာတောက်ပနေတဲ့တံဆိပ်ပါ ပါဝင်ပါတယ်။

အနီရောင်နဲ့ ရွှေရောင်စပ်ထားတဲ့သတ္တုစက်ရုပ်ကို ‘Xiaotian’ လို့ အမည်ပေးထားပြီး ‘Little Sky’ လို့  အဓိပ္ပါယ်ရပါတယ်။ ဒီစက်ရုပ်ဟာ လကမ္ဘာကိုဆင်းသက်မှု ဒါမှမဟုတ် အာကာသအခြေစိုက်စခန်းမစ်ရှစ်တွေ၊ လူမပါတဲ့အာကာသစူးစမ်းလေ့လာရေးယာဉ် စတဲ့ ရှုပ်ထွေးတဲ့တာဝန်တွေကို ကျွမ်းကျင်စွာ ကိုင်တွယ်လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

တရုတ်အာကာသအေဂျင်စီလိုပဲ နာဆာမှာလည်း Robonaut လို့ ခေါ်တဲ့ စက်ရုပ်တစ်ရုပ်ရှိကာ ဒီကမ္ဘာကနေ အပြင်အာကာသထဲထွက်ဖူးတဲ့ ပထမဆုံး လူသားပုံစံစက်ရုပ်အဖြစ် မှတ်တမ်းတင်ထားပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Dailymail


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment