Powered by Blogger.

XP, Vista နဲ့ အစောပိုင်း Mac OS X တို့ကို Chrome က support ဆက်မပေးတော့



Google ကတော့ ရှင်းလင်းရေး လုပ်ဖို့ရာ လမ်းစရှာနေတဲ့ ပုံပါပဲ။ Google Chrome blog ရဲ့ တရားဝင်ကြေညာချက်အရ၊ Chrome ဟာ Window XP, Vista နဲ့ Mac OS X 10.6, 10.7 နဲ့ 10.8 စက်တွေအတွက် browser ကို support ဆက်မပေးတော့ဘူး လို့ သိရပါတယ်။

ဒီလိုဖြစ်လာဖို့ကိုလည်း Google က ဧပြီလကတည်းက အရိပ်အမြွက်ပေးခဲ့ထားပြီးသားပါ။ XP ရဲ့ ကိစ္စမှာက အရင်သမိုင်းကြောင်းသိမှပါ။ OS တွေက security update တွေမရတော့ဘူး။ အဲ့တော့ web browser တွေက malware တွေကို မထိန်းနိုင်တော့ဘူး။ ဒါကြောင့် OS အဟောင်းတွေမှာ Chrome browser ကို ဆက် run ဖို့ရာကိစ္စကို ရပ်ဆိုင်းလိုက်တာပါ။

ဒီ OS အဟောင်းတွေမှာ updates သစ်တွေ၊ features သစ်တွေ ဆက်မရနိုင်တော့တဲ့အတွက် ဝမ်းနည်းစရာကိစ္စရပ်ပါပဲ။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: engadget

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment