Powered by Blogger.

ရေခဲဘီးများပေါ်တွင်မောင်းနှင်မည့် Lexus NX



ရေခဲနဲ့ပြုလုပ်ထားတဲ့ ကားဘီးတွေနဲ့မောင်းနှင်မယ့် ခေတ်ကိုရောက်လာဖို့အတွက် ဂျပန်ကားကုမ္ပဏီကြီးကကြိုးပမ်းနေတယ်လို့ သိရပါတယ်၊ NX ကားဟာသေချာတင်းကြပ်စွာ တပ်ဆင်ထားတဲ့ ရေခဲဘီးတွေနဲ့အတူ အလုပ်လုပ်မှာဖြစ်တယ်လို ကုမ္ပဏီကထုတ်ဖော်ပြောကြားလိုက်တာပါ၊

တာယာတွေဟာ လန်ဒန်မှာ Hamilton ဆိုတဲ့ ရေခဲပန်းပုပညာရှင်အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါ သက်တမ်း၃၅နှစ်ရှိတဲ့ အဖွဲ့ဟာ ကြီးမားတဲ့ရေခဲတုံးတွေနဲ့ နှင်းအလှဆင်ပစ္စည်းတွေ ကိုအထူးပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်၊


NX ကားကအစိတ်အပိုင်းတွေကို လေဆာစကန်ဖတ်ပြီးတည်ဆောက်ထားတာဖြစ်ပါတယ်၊ တာယာနဲ့ဘီးအစိတ်အပိုင်းတွေကို အသေးငယ်ဆုံးအစိတ်အပိုင်းတွေတောင် အသေးစိတ် မိတ္တူယူထားပြီးတကယ့်တာယာတစ်လုံးလို တည်ဆောက်ထားတာဖြစ်ပါတယ်၊ တစ်ဘီးစီကိုအချိန် ၃၆နာရီအထိအသီးသီး ယူပြီးပြုလုပ်ထားတာဖြစ်ပါတယ်၊

ကားတာယာတွေကို အနှုတ်သုံးဆယ်ဒီဂရီဆဲစီးယက်စ်မှာထားထားတာဖြစ်ပြီး ထိငါးရက်တိုင် သိမ်းဆည်းထားနိုင်တယ်လို့သိရပါတယ်၊

ဘီးထဲမှာ LED မီးသီးတွေမြုတ်ထားပြီး တည်ဆောက်ထားတဲ့ ပုံစံကခရစ္စတယ် ပုံစံဖြစ်တာကြောင့် အတော်လေးကိုကြည့်လို့ကောင်းတဲ့ပုံစံပေါက်နေတာပါ၊ ဒီကားကိုလုပ်ဖို့အတွက်သုံးလကြာသုတေသနလုပ်ခဲ့ရတာဖြစ်ပြီး ၀ိတ်ကတော့နှစ်တန်နီးပါး ရှိတာပါ၊



(Blue Lion)

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : CNN

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment