Powered by Blogger.

Apple ၏သက်ဝင်ဓာတ်ပုံဝန်ဆောင်မှုကို Facebook တွင်ရနိုင်တော့မည်


သင်အခုသုံးနေတဲ့ iPhone 6s ဒါမှမဟုတ် 6s Plus မှာ သက်ဝင်လှုပ်ရှားနေတဲ့ ဓာတ်ပုံတွေမြင်တွေ့နိုင်မှာ မဟုတ်တော့ပါဘူး၊ အခုဆိုရင် အဲ့ဒီလိုမျိုးဝန်ဆောင်မှုရနိုင်ဖို့အတွက် နည်းလမ်းတွေရှိလာပြီဖြစ်ပါတယ်၊

အခုဆိုရင် သက်ဝင်ဓာတ်ပုံဆိုတဲ့ဝန်ဆောင်မှုလေးတွေရှိနေတယ် ဆိုတာကို iPhone 6s သုံးတဲ့လူတွေတော်တော်များများသိပြီးကြမှာပါ၊ သက်ဝင်ဓာတ်ပုံ(Live Photos) ဆိုတာကတော့ ဓာတ်ပုံမရိုက်ခင် ၁.၅စက္ကန့်အလိုက အဖြစ်အပျက်လေးတွေကိုပါ မှတ်တမ်းတင်ထားပေးတဲ့ Apple ရဲ့ ၀န်ဆောင်မှုတစ်ခုဖြစ်ပါတယ်၊ ဒီဓာတ်ပုံလေးတွေအပေါ်ကို လက်ကလေးနဲ့အသာဖိထားလိုက်တာနဲ့ ထိုအဖြစ်အပျက်လေးတွေကိုပါ ရောပြပေးတာဖြစ်ပါတယ်၊



အခုတော့ Facebook သုံးစွဲသူတွေဟာ သက်ဝင်ဓာတ်ပုံတွေကို iOS app တွေနဲ့ ကြည့်လို့ရပြီဖြစ်ပါတယ်၊ တကယ်လို့ iPhone ဒါမှမဟုတ် iPad သုံးစွဲသူတွေဟာ နောက်ဆုံးထွက် မော်ဒယ်မဟုတ်တောင်၊ နောက်ဆုံးထွက် software iOS 9 ကိုတော့ ထောက်ပံ့ထားမှသာ သက်ဝင်ဓာတ်ပုံတွေကို ကြည့်လို့ရမှာဖြစ်ပါတယ်၊

သက်ဝင်ဓာတ်ပုံ ဟာဆော့ဖ်ဝဲ တွေအတွက်တော့ ကြီးမားတဲ့ခြေလှမ်တစ်လှမ်းဖြစ်ခဲ့ပေမယ့် ၄င်းကိုအသုံးပြုမယ်ဆိုရင် သတိတော့နည်းနည်းထားရမယ်လို့ဆိုပါတယ်၊ ဓာတ်ပုံအရိုက်မကောင်းရင် သက်ဝင်ဓာတ်ပုံကောင်းကောင်းထွက်မလာနိုင်လို့ဖြစ်ပါတယ်၊ မီဒီယာတွေကတော့ သက်ဝင်ဓာတ်ပုံ ဟာ Harry Potter ထဲက အသက်ဝင်နေ၊ လှုပ်ရှားနေတဲ့ မှော်ဓာတ်ပုံလေးတွေနဲ့တူတယ်လို့ ချီးမွန်းကြပါတယ်၊


(Blue Lion)

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment