Powered by Blogger.

Google က မက်ဆေ့ဂ်ျပေးပို့တဲ့ App တစ်ခု ကို တည်ဆောက်နေ




Google ဟာ Facebook ကုမ္မဏီ ပိုင် App တွေကို ယှဉ်ပြိုင်နိုင်ဖို့အတွက် မက်ဆေ့ဂ်ျပေးပို့တဲ့ မိုဘိုင်းလ် App တစ်ခုကိုတည်ဆောက်နေတယ်လို့ Wall Street ဂျာနယ်က ဖော်ပြထားပါတယ်။

Google ရဲ့  know-how ဆိုတဲ့ နည်းပညာ ၊ ပေါင်းစပ်ထားတဲ့ Chatbot များ နဲ့ မေးခွန်းတွေကို ဖြေကြားနိုင်တဲ့ ဆော့်ဖ်ဝဲ စတာတွေကိုလည်း ထို မက်ဆေ့ဂ်ျ ပေးပို့တဲ့ App အတွင်းထည့်သွင်းသွားဖွယ် ရှိနေတယ်လို့ WS ဂျာနယ်ကထည့်သွင်းဖော်ပြထားပါတယ်။ ဒါကြောင့် ထို App အသစ်ဟာ သူငယ်ချင်းတွေနဲ့ စာသား ပေးပို့ခြင်းများလုပ်ဆောင်နိုင်မယ့်အပြင် Google ရဲ့  Search engine လုပ်ဆောင်ချက်လိုပဲ သင်မေးလိုတဲ့မေးခွန်းတွေ ရိုက်ထည့်လိုက်တာနဲ့ ၀က်ဘ် မှတဆင့် သတင်းအချက်အလက်များရှာဖွေ ဖြေကြားပေးမယ့် chatbot တစ်ခုအနေနဲ့လည်း အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီ App အသစ် ရဲ့ နာမည်နဲ့ ဘယ်တော့ စတင် ထုတ်လုပ်မယ်ဆိုတာကို အတိအကျ မသိရသေးပေမယ့် Google ရဲ့ လုပ်သက်ရင့် အရာရှိဖြစ်သူ Nick Fox ကဦးဆောင်ပြီး ထို App ကို ဖန်တီး တည်ဆောက်နေခဲ့တာ အနည်းဆုံး ၁ နှစ်ခန့် ရှိနေပြီလို့ သိရပါတယ်။

Facebook ပိုင်ဆိုင်တဲ့ WhatsApp နဲ့ Messenger ၊ Tencent ကုမ္မဏီရဲ့  WeChat တို့ဟာ ကမ္ဘာတစ်ဝှမ်းမှာ ရေပန်းစား နေချိန်မှာ Google ကတော့ Hangouts ဆိုတဲ့ App တစ်ခုကို ထုတ်လုပ်ထားပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment