Powered by Blogger.

နေစွမ်းအင်သုံး Solar Impulse 2 လေယာဉ် ဧပြီလ ၂၀ ရက်နေ့တွင်ထပ်မံပျံသန်းမည်၊


နေစွမ်းအင်သုံး Solar Impulse 2 လေယာဉ်ကို ပြန်လည်ပြင်ဆင်ရန် ပြီးခဲ့သည့်နွေရာသီက ဟာဝိုင်အီတွင်ဆင်းသက်ခဲ့ပြီးနောက် လာမည် ဧပြီလတွင်ပျံသန်းရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က AFP သို့ပြောကြားခဲ့သည်၊

လေယာဉ်ဟာ ယခင်က မလုပ်ခဲ့ဖူးတဲ့ ဆီတစ်စက်မှမသုံးပဲ ကမ္ဘာပတ်မယ့်ခရီးစဉ်ရဲ့ တစ်ဝက်နီးပါးပြီးမြောက်ခဲ့ပေမယ့် ဘက်ထရီပြဿနာကြောင့် ငါးရက်ကြာဂျပန်ကနေပျံသန်းလာပြီး ဟာဝိုင်အီကျွန်းမှာ ရပ်နားနေရတာဖြစ်ပါတယ်၊

Solar Impulse ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဒီပရောဂျက်ရဲ့Solar Impulse ကို ပြန်လည်ပြင်ဆင်ဖို့အတွက် လုံလောက်တဲ့ ဘဏ္ဍာငွေရှိပြီးတော့ ဧပြီလ၂၀ရက်နေ့မှာ ထွက်ခွာဖို့သေချာသလောက်ရှိတယ် လို့ဆိုပါတယ်၊

လေယာဉ်ဟာ ပြီးခဲ့တဲ့ မတ်လ ၉ရက်နေ့က UAE နိုင်ငံကနေစတင်ထွက်ခွာခဲ့ပြီး ဆိုလာပြားပေါင်း ၁၇၀၀၀ နဲ့ ကမ္ဘာတစ်ပတ်ပတ်ဖို့စီစဉ်တာပါ၊ ဒါပေမယ့် ဘက်ထရီပြဿနာ၊ လေယာဉ်မှူး Borschbergရဲ့ အမြင်အာရုံပိုင်းဆိုင်ရာပြဿနာ စတဲ့ အခက်အခဲတွေ လည်းအများကြီးကြုံတွေ့ခဲ့ရပြီး ယခုအခါတစ်ဝက်အထိအောင်မြင်ခဲ့တာဖြစ်ပါတယ်၊

(Blue Lion)

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment