Powered by Blogger.

နောက်နှစ်အတွင်း BlackBerry က Android ဖုန်းတစ်လုံး ထပ်ထုတ်ဦးမည်




BlackBerry ကုမ္မဏီ ရဲ့  Priv Android slider စမတ်ဖုန်း ရောင်းအားမြင့်တက်လာမှုနဲ့အတူ လွန်ခဲ့တဲ့ ၂ နှစ်ကထက် ကုမ္မဏီ ရဲ့ ဘဏ္ဍာရေးအခြေအနေ ပိုမိုကောင်းမွန်လာတယ်လို့ သတင်းတွေ ကဖော်ပြထားပါတယ်။

BlackBerry ကုမ္မဏီ ရဲ့  CEO ဖြစ်သူ John Chen ဟာ နောက်နှစ် အတွင်း အလယ်အလတ် အဆင့်ရှိတဲ့ အခြား Android ဖုန်းတစ်လုံးကိုလည်း ထပ်မံ ထုတ်လုပ်သွားဦးမယ်လို့ သဲလွန်စပေး ပြောဆိုလာပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ပြောကြားချက်အရတော့ ကုမ္မဏီ ရဲ့  ပစ်မှတ်ဟာ အရည်အသွေးမြင့်ဖုန်းတွေထုတ်လုပ်ဖို့ကို ပိုမိုဦးတည်နေတယ်ဆိုတာ ကိုတော့ ထည့်သွင်းပြောကြားလာခဲ့ပါတယ်။

Bloomberg သတင်းဌာန နဲ့ အင်တာဗျူး တစ်ခုမှာတော့ အခြား Android ဖုန်းထုတ်လုပ်မယ့် အစီအစဉ်ကို မေးမြန်းခဲ့ရာမှာ Chen က "Priv ပေါ်မှာ မူတည်နေပါတယ်။အကယ်၍ Priv ဟာ ဈေးကွက်အတွင်းမှာ ကောင်းမွန်စွာ ရရှိခဲ့မယ်ဆိုရင် ဒီလိုပဲဖြစ်လာမှာပါ။ ငါတို့မှာ အခွင့်အရေးရှိပါတယ်။ ငါတို့ဟာ အရည်အသွေးမြင့် စမတ်ဖုန်းတွေကိုပဲ ပစ်မှတ်ထားနေဆဲ ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ အလယ်အလတ်အဆင့် ဖုန်း တစ်မျိုး ထွက်ပေါ်လာဖို့ နီးစပ်နေပါပြီ" လို့ ဆိုပါတယ်။

ထုတ်လုပ်မယ့် အချိန်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ Chen က လာမယ့်လတွေအတွင်း Priv ရဲ့  အခြေအနေပေါ် လုံးဝမူတည်နေလိမ့်မယ်လို့ ဆိုပါတယ်။ သူအတည်ပြုပေးနိုင်ခဲ့တာကတော့ ပြီးခဲ့တဲ့ လကမှ ဈေးကွက် အချို့ ကိုဝင်ရောက်ခဲ့တဲ့ BlackBerry Priv ဟာ လာမယ့် ၃ လ အတွင်း ဈေးကွက် ၃၁ ခုကို ထပ်မံ တိုးချဲ့ ဖြန့်ချီသွားမယ်ဆိုတာပါပဲ။

BlackBerry Priv ဟာတော့ ကုမ္မဏီ ရဲ့  ပထမဆုံး Android စနစ်ကို အခြေခံထားတဲ့ စမတ်ဖုန်းဖြစ်ပြီး နိုဝင်ဘာ လ ပထမပတ်မှာ ဈေးကွက် ၄ ခုအတွင်း စတင်ရောင်းချခဲ့တာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment