Powered by Blogger.

င်္Facebook မှာ "Most Used Words" လုပ်ဆောင်ချက်ကိုအသုံးမပြုမီ၂ခါစဉ်းစားဖို့လို




ကမ္ဘာတစ်ဝှမ်းက ၁၇.၆ မီလျံ အရေအတွက်ရှိတဲ့ Facebook သုံးစွဲသူတွေဟာ သူတို့ရဲ့ Facebook Post တွေထဲမှာ အသုံးအများဆုံး စကားလုံးတွေကို ရှာဖွေဖော်ထုတ်ပြတဲ့ "Most Used Words" ဆိုတဲ့ ဂိမ်းတစ်မျိုးကို အသုံးပြုခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ပုဂ္ဂိုလ်ရေး လုံခြုံမှု နဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေက သတိပေးခဲ့တာကတော့ အဲဒီလို "Most Used Words" ဆိုတဲ့ ဂိမ်းအတွက် Sign Up လုပါလိုက်ခြင်းဟာ သုံးစွဲသူ ရဲ့ သတင်းအချက်အလက်တွေကို ကြော်ငြာ လုပ်ငန်းရှင်တွေလက်ထဲ ပေးအပ်လိုက်တာ နဲ့ အတူတူပဲ လို့ဆိုပါတယ်။

Von Von ကုမ္မဏီက ဖန်တီးထားပြီး ကျယ်ပြန့်စွာ ရေပန်းစားလာတဲ့ Facebook ရဲ့ Most Used Words app ကို အသုံးပြုလိုက်တဲ့ သူတိုင်းဟာ "သူတို့ဘာမှ မသိသေးတဲ့ ကုမ္မဏီတစ်ခုကို သူတို့ရဲ့ ပုဂ္ဂိုလ်ရေး အသေးစိတ် အချက်အလက်အားလုံးကို ပေးအပ်ဖို့ သဘောတူပြီးသားဖြစ်တယ်" လို့ Comparitech ဆိုတဲ့ နည်းပညာအဖွဲ့က ဆန်းစစ် ဖော်ထုတ်ထားပါတယ်။

သုံးစွဲသူတစ်ယောက်ဟာ Von Von မှာ Sign Up လုပ်ပြီး အသုံးအများဆုံး စကားလုံးတွေကို ကောက်ယူစေလိုက်တာနဲ့ ကုမ္မဏီ ကသင့်ရဲ့ အမည် ၊ အသက် ၊ ပရိုဖိုင်း ဓါတ်ပုံ ၊ ဖေ့စ်ဘွတ် သူငယ်ချင်းများနဲ့ အခြား Facebook က တစ်ဆင့် ဖော်ပြဖူးခဲ့တဲ့ သတင်းအချက်အလက်များအားလုံးကို ရရှိသွားမှာ ဖြစ်ပါတယ်။

ထို သတင်းအချက်အလက်တွေဟာ Von Von ကုမ္မဏီ ရဲ့ ကမ္ဘာတစ်ဝှမ်းက ဆာဗာ တွေထဲမှာရောက်ရှိနေပြီး ကြော်ငြာ လုပ်ငန်းရှင်တွေ ကို ပြန်လည်ရောင်းချသွားမှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mario
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment