Powered by Blogger.

၂၀၁၅ခုနှစ်၏ ထိပ်တန်း စမတ်ဖုန်းဆယ်မျိုး


စမတ်ဖုန်းတွေကတော့ တဖြည်းဖြည်းဆန်းသစ်သထက်ဆန်းသစ်လာ၊ ပါးလွှာသထက်ပါးလွှာလာပါတယ်၊ မိုဘိုင်းဖုန်းတွေဟာ နောက်ပိုင်းတွေမှာ 'PC' ကွန်ပြူတာတစ်လုံးလောက်နီးနီး အလုပ်ဖြစ်လာတာကို တွေ့ရမှာပါ၊ ပိုကြီးမားလာတဲ့ Screen တွေနဲ့အတူ အလုပ်တွေလည်းပိုလုပ်လာနိုင်ပါတယ်၊ ဒီအောက်က အရာတွေကတော့ ဒီနှစ်အတွက် ထိပ်တန်းစမတ်ဖုန်းတွေကိုရွေးချယ် ဖော်ပြထားတာဖြစ်ပါတယ်၊ 

iPhone 6s နှင့် iPhone 6s Plus 


6s Plus ကတော့ Apple ရဲ့ ဒုတိယ ခြေလှမ်းဖြစ်ပြီး 6 Plus ထက်ပိုမိုကြီးမားတဲ့ ဒီဇိုင်းနဲ့တည်ဆောက်ထားတာပါ၊ ထင်ရှားတဲ့ Hardware ပိုင်းအနေနဲ့ Screen အကျယ် ၅.၅ လက်မရှိတဲ့ iPhone ရဲ့ ကင်မရာပဲဖြစ်ပါတယ်၊ 

လွန်ခဲ့တဲ့မျိုးဆက်တွေရဲ့ ကင်မရာအရည်အသွေး 8 Megapixels ကနေ 12 Megapixels ကိုခုန်တက်သွားတာဖြစ်ပါတယ်၊ ပိုမိုသေးငယ်တဲ့ 6s ကတော့ 6s Plus နဲ့အားလုံးနီးပါးတူညီပေမယ့် The Optical Image 
Stabilization တော့ မပါပါဘူး၊ ဖုန်းနှစ်မျိုးလုံးဟာ အလွန်အရည်အသွေးမြင့်မားတဲ့ 4K ဗီဒီယိုတွေကို ရိုက်ကူးနိုင်စွမ်းရှိပါတယ်၊ 

တခြားထပ်မံဖြည့်သွင်းထားတဲ့ iPhone ရဲ့ အားသာချက် တစ်ခုကတော့ သုံးဖက်မြင်ထိသိမျက်နှာပြင် (3D Touch display) ပဲဖြစ်ပါတယ်၊ အဲ့ဒါအပြင်ဆန်းသစ်ထားတဲ့ A9 Prosessor ကလည်း နောက်ထပ် iPhone တွေကို ကမ္ဘာပေါ်မှာ အမြန်ဆုံးဖုန်းဖြစ်သွားစေခဲ့ပါတယ်၊ 

Samsung Galaxy S6 နှင့် Samsung Galaxy S6 Edge 


S6 Edge က အခြေခံအားဖြင့်တော့ ပိုဈေးပေါတဲ့ S6 နဲ့ သိပ်ကွဲပြားမှုမရှိပေမယ့် သူ့ရဲ့ နှစ်ဖက်လုံးမှာပါဝင်တဲ့ ဆင်ခြေလျှောမျက်နှာပြင်ကွေးက ရုပ်ထွက်အရည်အသွေးတွေကတော့ ပြိုင်ဘက်ကင်းဖုန်းတစ်လုံးဖြစ်သွားခဲ့တယ်၊ S6 ကော S6 Edge ကော ဖုန်းနှစ်မျိုးလုံးကို OLED dilplay အသုံးပြုပြီးတည်ဆောက်ထားတာပါ၊ စခရင်အကျယ် ၅.၁လက်မ ရှိတဲ့ Quad HD (2560x1440) Resolutionနဲ့ ဖြစ်ပါတယ်၊ 

Samsung နဲ့ Apple နှစ်မျိုးထဲမှာ ဘယ်တစ်မျိုးက ကင်မရာပိုင်းအကောင်းဆုံးလဲဆိုရင်တော့ ရွေးချယ်ရခက်တဲ့ ထိရှလွယ်တဲ့မေးခွန်းပါပဲ၊ Samsung ကတော့ 16 Megapixel ကင်မရာကိုပိုင်ဆိုင်ထားပါတယ်၊ iPhone ထက်သာတဲ့အချက်တစ်ခုကတော့ S6 နဲ့ S6 Edge ကတော့ အားသွင်းမြန်တာပဲဖြစ်ပါတယ်၊ 

Samsung Galaxy Note 5 နှင့် Galaxy S6 Edge+


Apple က iPhone 6s နဲ့ iPhone 6s Plus ဆိုပြီး နှစ်မျိုးသာထုတ်ခဲ့ပေမယ့် Samsung ကတော့ သူ့နှစ်ဆ ပိုများတဲ့ ဖုန်း ၄မျိုးထုတ်လုပ်ခဲ့ပါတယ်၊ အပေါ်မှာပြောခဲ့တဲ့ Galaxy S6 နဲ့ Galaxy S6 Edge အပါအ၀င် Flat Sceen နဲ့ Galaxy Note5 , နှစ်ဖက်ကွေး S6 Edge+ တို့ကို ထပ်မံထုတ်လုပ်ခဲ့တာပါ၊ S6 နဲ့ S6 Edge ထက်ကြီးတဲ့ ၅.၇ လက်မ Screen ပါဝင်လာခဲ့ပြီး ကြီးကြီးမားမားကွာခြားချက်ကတော့ သိပ်မရှိပါဘူး၊ 

Google Nexus 6P


တရုတ်အခြေစိုက် Huawei ကုမ္ပဏီက ထုတ်လုပ်ခဲ့တဲ့ Nexus 6P ကတော့ Samsung နဲ့ Apple ပြီးရင် ကမ္ဘာ့အဆင့် ၃လောက်ရှိတဲ့ ဖုန်းဖြစ်တယ်လို့ ဈေးကွက်သုတေသနအရသိရပါတယ်၊ Google နဲ့ ပူးပေါင်းဆောင်ရွက်ထားတဲ့ ဒီဖုန်းဟာ Huawei အတွက်တော့ ပထမဆုံး အမေရိကန်မှာ အဓိကထုတ်လုပ်တဲ့ ဖုန်းဖြစ်တဲ့အပြင် ပထမဆုံး သတ္တုကိုယ်ထည်နဲ့ Nexus ဖုန်းဖြစ်ပါတယ်၊ iPhone 6s Plus နဲ့ Samsung Galaxy Note 5 တို့ကို ယှဉ်နိုင်တဲ့ ဖုန်းဖြစ်ပြီး AMOLED display, Qualcomm octa-coref(8core) Prosessor, အတွင်း Memory 32 GB, 3GB  RAM, 12.3 megapixel(4K Video) ကင်မရာတို့ပါဝင်ပါတယ်၊ ကောင်းမွန်တဲ့ ကင်မရာလို့ပြောနိုင်ပြီး ကျောဖက်မှာ Fingerprint Sensor လုံခြုံရေးစနစ်ပါဝင်ပါတယ်၊ 

HTC One M9


HTC One M Serie ဖုန်းတွေကတော့ သုံးစွဲသူတွေ နှစ်ပေါင်းများစွာ ကြိုက်နှစ်သက်ခဲ့တဲ့ ဖုန်းအမျိုးအစားပါ၊ M8 လိုပဲ သတ္တုကိုယ်ထည်ဒီဇိုင်းက ဈေးကွက်ထဲမှာကြည့်လို့အကောင်းဆုံးဖုန်းတွေထဲကတစ်မျိုးပါ၊ ဒါပေမယ့် အားသွင်းရာမှာ ကြာရှည်တာနဲ့ ကင်မရာမကောင်းတာတွေက ဈေးကွက်ထဲမှာကျန်ရစ်ခဲ့စေပါတယ်၊ 

Microsoft Lumia 950 XL 


Microsoft ရဲ့ဖုန်းကလည်း အတော်လေးကောင်းမွန်တာကြောင့် ထိပ်ဆုံး ဖုန်းဆယ်မျိုးထဲမှာမေ့ထားလို့မရပါဘူး၊ Microsoft က Apple ရဲ့ iOS နဲ့ Google ရဲ့ Android OS တို့ အပြင် နောက်ထပ်စိန်ခေါ်ပြီး ပေါ်ထွက်လာတဲ့ 

သြဇာကြီးမားတဲ့ App Platform တစ်ခုဖြစ်လာပါတယ်၊ Lumia 950 XL မှာကောင်းမွန်တဲ့ကင်မရာ၊ ၅.၇လက်မ AMOLED display, လျှင်မြန်တဲ့ ပရောဆက်ဆာ၊ ပြေပြစ်ချောမွေ့တဲ့မျက်နှာပြင်တွေပါဝင်တဲ့ Windows 10 မိုဘိုင်းလ်ဖုန်းဖြစ်ပါတယ်၊ 

Moto G 2015


ကောင်းမွန်တဲ့ တန်ဖိုးနည်းဖုန်းတစ်မျိုးဖြစ်ပါတယ်၊ ၂၀၁၅ ဗားရှင်းမှာ ဒီဇိုင်းအသစ်၊ ရေစိမ်ခံနိုင်စွမ်းနဲ့ မြင့်မားတဲ့ကင်မရာတို့ပါဝင်ပါတယ်၊ အထက်ကလိုမျိုး အကောင်းတကာ့အကောင်းဆုံး ဖုန်းတွေနဲ့ ယှဉ်ရင်တော့ 
အဆင့်နိမ့်နေပေမယ့် သူ့အဆင့်နဲ့သူအကောင်းဆုံးဖြစ်အောင်လုပ်ထားလို့ သုံးပျော်တဲ့ဖုန်းတစ်မျိုးဖြစ်ပါတယ်၊ 


(Blue Lion)

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Fox News 



Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment