Powered by Blogger.

၂၀၁၅ခုနှစ်မှာ Xiaomi ဟာ Mi Band စမတ်လက်ပတ် ၁၀ သန်းကျော်ရောင်းချနိုင်ခဲ့




တရုတ် နည်းပညာ ထုတ်လုပ်ရေး ကုမ္မဏီ Xiaomi ဟာ ကျန်းမာရေးစမတ်လက်ပတ်တစ်မျိုးဖြစ်တဲ့ Mi Band ကို ၂၀၁၅ ခုနှစ် ရဲ့ ပထမဆုံး ၉လ (ဇန်န၀ါရီမှစက်တင်ဘာ) အတွင်းမှာတင် အရေအတွက် ၁၀ သန်းကျော် ရောင်းချပြီး ဖြစ်တယ်လို့ အခိုင်အမာ ဆိုလိုက်ပါတယ်။

DigiTimes သတင်းဌာနက တင်ပြထားတာကတော့ Xiaomi ဟာ Mi Band ဆိုတဲ့ ကျန်းမာရေး လက်ပတ် အရေအတွက် ၆၀၀,၀၀၀ ကျော်ကို ထိုင်ဝမ် ဈေးကွက် တစ်ခုတည်းမှာတင်ရောင်းချနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဇွန်လတုန်ကလည်း Xiaomi ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ကုမ္မဏီဟာ Mi Band ကျန်းမာရေးလက်ပတ် ၆ သန်းခန့်ကို ကမ္ဘာတစ်ဝှမ်းလုံးကို တင်ပို့ရောင်းချပြီးဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါကြောင့် ဇွန်လ ကနေ စက်တင်ဘာလ အတွင်းမှာ ကျန်းမာရေး လက်ပတ် ၄ သန်းကျော်ကို ရောင်းချနိုင်ခဲ့တာကတော့ သံသယဖြစ်စရာမရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ လတုန်းကတော့ Xiaomi ဟာ ကျန်းမာရေးလက်ပတ် Mi Band ကို ကုန်ပစ္စည်းသစ် Mi Band 1S (သို့) Mi Band Pulse ကိုထုတ်လုပ်ခြင်းနဲ့ ပြန်လည်ဆန်းသစ်စေခဲ့ပါတယ်။ Mi Band Pulse ဟာ ကုမ္မဏီ ရဲ့  ဒုတိယမြောက် မျိုးဆက် ကျန်းမာရေး စမတ်နာရီဖြစ်လာခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment