Powered by Blogger.

လေပေါ်မှာ တကယ်ဝဲပျံနိုင်တဲ့ ပထမဦးဆုံး Hoverboard ပေါ်ထွက်လာပြီ




လက်ရှိဈေးကွက်ထဲမှာဝင်နေတဲ့ ‘Hoverboard’ အမည်ခံ ဘုတ်ပြားတွေဟာ တကယ်တမ်းတော့ နာမည်နဲ့ တခြားစီဖြစ်ပြီး တကယ်တမ်း လေပေါ်မှာ ၀ဲမပျံနိုင်ပါဘူး။

ယခုအခါမှာတော့ New Mexico က လေကြောင်းအာကာသယာဉ်တည်ဆောက်ရေးကုမ္ပဏီ Arca Space Corporation က ရေမျက်နှာပြင်အပါအ၀င် ဘယ်လို မြေမျက်နှာပြင်အနေအထားမျိုးမှာမဆို တကယ်ဝဲပျံနိုင်တဲ့ အီလက်ထရောနစ်ပျံသန်းယာဉ်တစ်မျိုးကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။

ပေါင်ချိန် ၂၄၃ ပေါင်တင်ဆောင်နိုင်အောင်လို့ ပုံစံထုတ်လုပ်ထားပြီး မြေပြင်ကနေ တစ်ပေအမြင့်မှာ ပျံသန်းနိုင်ပါတယ်။ ဒါပေမယ့် ဈေးကတော့မသေးပါဘူး။

ArcaBoard လို့ အမည်ပေးထားတဲ့ ဒီဘုတ်ပြားကို တီထွင်သူတွေက  ဒါဟာ စက်ဘီး၊ မော်တော်ကားတွေနဲ့ လေယာဉ်တွေပြီးနောက်မှာ ရွေ့ လျားမှုပိုင်းဆိုင်ရာသဘောတရားတွေကို အစအဆုံးတော်လှန်ပြောင်းလဲပစ်လိုက်နိုင်တဲ့အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

မြင်းကောင်ရေအား ၂၇၂ ကောင်ရှိပြီး တပ်ဆင်ထားတဲ့လျှပ်စစ်ဓာတ်အားပမာဏ (installed power capacity) ၂၀၃၀၀၀ ၀ပ်ရှိကာ ArcaBoard တစ်ခုကို ဒေါ်လာ ၂ သောင်းတန်ကြေးရှိပါတယ်။ လျှပ်စစ်စွမ်းအင်သုံးစွဲမှု များတာကြောင့် ခြောက်မိနစ်လောက်သာ အကြာဆုံးပျံသန်းနိုင်မှာဖြစ်တဲ့အတွက် ဟိုနားဒီနားလောက်ပဲ စီးလို့ ရမှာဖြစ်ပါတယ်။ သတ္တုအမျိုးမျိုးနဲ့ ပေါင်းစပ်ပြုလုပ်ထားပြီး အလေးချိန် ပေါင် ၁၈၀ ရှိပါတယ်။
လျှပ်စစ်စွမ်းအင် သုံးအားပြင်းပန်ကာ ၃၆ လုံးတပ်ဆင်ထားပြီး ကန်အားက ၄၃၀ ပေါင်ရှိပါတယ်။ ArcaBoard မှာ တပ်ဆင်ထားတဲ့ ဟန်ချက်ထိန်းစနစ်ကို အလွယ်တကူနဲ့ အန္တရာယ်ကင်းကင်းစီးနိုင်ဖို့ အတွက် စမတ်ဖုန်း app ကနေတဆင့် ထိန်းချုပ်နိုင်သလို၊ စီးသူရဲ့ ခန္ဓာကိုယ်ဟန်ချက်နဲ့ လည်း ထိန်းချုပ်မောင်းနှင် နိုင်တယ်လို့ သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : DailyMail

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment