Powered by Blogger.

ဆပ်ပြာနဲ့ တိုက်ချွတ်ဆေးကြော နိုင်မယ့် အရည်အသွေးမြင့် စမတ်ဖုန်း Digno Rafre




အခုလက်ရှိအချိန်ထိ စမတ်ဖုန်းလောက မှာ ရေပန်းစားတဲ့ဖုန်းတွေက ရေစိုခံ တဲ့ ဖုန်းတွေနဲ့ ရှော့ခ် ကာကွယ်တဲ့ဖုန်းတွေပါ။ အခုတော့ Digno Rafre လို့ခေါ်တဲ့ စမတ်ဖုန်းအသစ်တစ်မျိုးဟာ ပုံဟံအသစ်နဲ့ ထွက်ပေါ်လာပါပြီ။ ဒီဖုန်းကို ဖန်တီးထားတာကတော့ KDDI နဲ့ Kyocera ကုမ္မဏီတို့ဖြစ်ပြီး ဒီဖုန်းရဲ့ အဓိက အားသာချက်က ဆပ်ပြာနဲ့ တိုက်ချွတ်ဆေးကြောလို့ ရနိုင်နေတာပါ။

ဒီဖုန်းရဲ့ ရည်ရွယ်ချက်ကတော့ ဖုန်းအပြင်ပိုင်း သန့်ရှင်းရေးကို အေးအေးဆေးဆေး လုပ်နိုင်အောင်ပါ။ ဒါ့အပြင် ပူနွေးတဲ့ရေပြင်မှာလည်း ၄၃ ဒီဂရီ အထိ လက်ခံနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီဖုန်းမှာ LG G Flex မှာပါဝင်ခဲ့တဲ့ Self-healing rear panel ကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Android ရဲ့ 5.1 Lollipop ကို OS အနေနဲ့ သုံးထားပြီး ၅ လက်မ ကျယ်ဝန်းတဲ့ TFT LCD မျက်နှာပြင်မှာ HD ရုပ်ထွက်နဲ့ ပြသမှာ ဖြစ်ပါတယ်။ RAM ကတော့ 2GB အထိပါဝင်မှာဖြစ်ပြီး အတွင်းသိုလှောင်ပမာဏကတော့ 16GB အထိပါဝင်မှာဖြစ်ပါတယ်။

ကင်မရာအနေနဲ့ 13 Megapixels ရှိတဲ့ အနောက်ကင်မရာ တစ်လုံးပါဝင်မှာဖြစ်ပြီး CMOS ဆင်ဆာကို အသုံးပြုထားပြီး ဘက်ထရီပမာဏကတော့ 3000mAh ရှိပါတယ်။ 4G LTE ၊ WiMAX ၊ VoLTE ၊ Wifi 802.11 b/g/n ၊ Bluetooth v4.1 နဲ့ USB Connectivity တို့လည်းပါဝင်ပါတယ်။

ရှော့ခ် တွေကိုလည်း ကာကွယ်နိုင်ပြီး Dragontrail X glass coating ဆိုတဲ့ မျက်နှာပြင် မှန်သားကို အသုံးပြုထားတာကြောင့် စိုစွတ် မှုကို လက်ခံနိုင်တာပဲ ဖြစ်ပါတယ်။ ရရှိနိုင်တဲ့အရောင်တွေကတော့ ပန်းရောင် ၊ အဖြူရောင် ၊ အပြာရောင်တို့ဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဖြန့်ချီကာ ဂျပန် ယွမ်းငွေ ၅၇၄၂၀ ကျသင့်မှာဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadget 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment