Powered by Blogger.

ခေတ်ဟောင်းဖုန်းတွေက ခေတ်ပေါ်စမတ်ဖုန်းတွေထက် ဖုန်းခေါ်ရာ၊ စာပို့ ရာမှာ ပိုမိုကောင်းမွန်




တွေ့ ရှိချက်အသစ်အရ ယနေ့ ခေတ်စမတ်ဖုန်းတွေဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုလောက်က မိုဘိုင်းဖုန်း တွေလောက် အလုပ်မဖြစ်ကြောင်း သိရှိရပါတယ်။

ဆက်သွယ်ရေးလုပ်ငန်းစည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ Ofcom ကပြုလုပ်ခဲ့တဲ့လေ့လာမှုမှာ အတိတ်က touchscreen တွေဘာတွေနဲ့ ဇာမချဲ့ ထားတဲ့ ဖုန်းဟန်းဆက်တွေဟာ ဖုန်း signal ဖမ်းယူရာမှာ ပိုမိုကောင်းမွန် ပြီး လက်ရှိခေတ် Apple တို့ Samsung တို့ စမတ်ဖုန်းတွေထက် ဖုန်းခေါ်ရာ၊စာပို့ ရာမှာ ပိုမိုကောင်းမွန် ကြောင်း တွေ့ ရှိခဲ့ရပါတယ်။

စမ်းသပ်ခန်းအခြေအနေအတွင်းပြုလုပ်ခဲ့တဲ့စမ်းသပ်မှုတွေမှာ နည်းပညာအမြင့်ကြီးတွေပါတဲ့ စမတ်ဖုန်းတွေဟာ ဈေးပေါပေါဟန်းဆက်တွေလောက် အားနည်းတဲ့ signal တွေကို ဖမ်းရာမှာ မကောင်းကြောင်း တွေ့ ရှိရပါတယ်။

Ofcom ရဲ့ သုတေသနလေ့လာချက်မှာ လက်ရှိဈေးကွက်ထဲက ဖုန်းအ၀င်၊အထွက်လောက်သာ လုပ်ဖို့ ရောင်းချ၊ သုံးစွဲနေတဲ့ သာမန်ဟန်းဆက်တွေထက် တစ်ချို့ စမတ်ဖုန်းတွေဟာ signal အားကောင်းဖို့  ၁၀ ဆ ပိုလိုအပ်နေကြောင်းလည်း တွေ့ ရှိရပါတယ်။ ပျှမ်းမျှအားဖြင့် 2G ကွန်ရက်မှာဆို စွမ်းဆောင်ရည် အနိမ့်ဆုံးစမတ်ဖုန်းတစ်လုံး ဟာ ဖုန်းလိုင်းမိဖို့  အတွက် ရိုးရိုးဖုန်းတွေထက် ၇ ဆ ပိုမိုအားကောင်းတဲ့ signal ကို ရရှိဖို့ လိုနေပါတယ်။

3G ကွန်ရက်မှာ ဆိုရင်တော့ GSM ဆက်သွယ်ရေးလုပ်ငန်းစံချိန်သတ်မှတ်ရေးအဖွဲ့ ဖြစ်တဲ့ GSMA  က သတ်မှတ်ထားတဲ့ အနည်းဆုံး signal လိုအပ်မှုပမာဏထက် စမတ်ဖုန်းတစ်လုံးက  ကိုးဆ ပိုမိုအားကောင်းတဲ့ signal မိဖို့  လိုအပ်နေတယ်လို့ သိရပါတယ်။ 4G ကွန်ရက်မှာဆိုရင် စွမ်းဆောင်ရည်အနိမ့်ဆုံးစမတ်ဖုန်းတစ်လုံးဟာ ဒေတာ တွေ ပို့ ၊ဆက်သွယ်နိုင်ဖို့ အတွက် သတ်မှတ်ထားတဲ့ signal အားထက် ခုနစ်ဆပိုမိုလိုအပ်နေပါတယ်။

တန်ဖိုးနည်းဖုန်းတွေမှာ သုံးထားတဲ့ ပလတ်စတစ် လိုမဟုတ်ဘဲ စမတ်ဖုန်းတွေမှာအသုံးပြုထားတဲ့ ဖန်နဲ့ သတ္တုတွေက ဖုန်းခေါ်နေရင်းလိုင်းကျသွားတာတွေမျိုးဖြစ်စေနိုင်တယ်ဆိုတဲ့ ပြောဆိုယူဆချက်တွေကို Ofcom ရဲ့ ယခုရှာတွေ့ ချက်က သက်သေခံပေးလိုက်တာဖြစ်ပါတယ်။

ဒီ့အပြင် ဖုန်းကိုကိုင်တဲ့အခါ အင်တာနာနေရာကို လက်ချောင်းတွေနဲ့  သွားဖုံးမိသလို ဖြစ်လား၊မဖြစ်လားအပေါ် မူတည်ပြီး ဖုန်းကို သင်ကိုင်တဲ့လက်အနေအထားကလည်း ဖုန်းမမိတာ၊ ဖုန်းခေါ်လို့ မရတာတွေကို သွားသက်ရောက်မှုရှိနေနိုင်တယ်လို့ သုတေသနမှာဖော်ပြထားပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com


Ref: Dailymail


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment