Powered by Blogger.

WhatsApp ရဲ့ Android ဗားရှင်း Update အသစ်မှာ emoji အသစ်များစွာ ပါဝင်




Android စနစ် နဲ့ WhatsApp သုံးစွဲသူတွေအနေနဲ့ မကြာခင်ထွက်ပေါ်လာတော့မယ့် Update အသစ်မှာ emoji အသစ်များစွာကို ရရှိတော့မှာဖြစ်ပါတယ်။

WhatsApp ရဲ့ Android အတွက် နောက်ဆုံးဗားရှင်းဖြစ်တဲ့ v2.12.374 ဟာ ကုမ္မဏီရဲ့ ၀က်ဘ်ဆိုက်နဲ့ APK Mirror တိုပမှာ ရရှိနိုင်ပြီဖြစ်ပြီး မျက်နှာအနေအထားဖွင့်ဆိုပြသမှု နဲ့ ဇာတ်ကောင်အသစ်တွေကို ရည်ညွှန်းထားတဲ့ emoji ပေါင်းများစွာကို ထို update ဗားရှင်းမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

လက်ရှိ ပြသထားတဲ့ emoji အသစ်တွေထဲမှာတော့ ပင့်ကူ ၊ မြင်းချို ၊ ပြောင်းဖူးပေါက်ပေါက် ၊ ရှန်ပိန်ပုလင်း ၊ ပြိုင်ကား ၊ ဆုတံဆိပ်များ နဲ့ ဘောလီဘော တို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် မျက်နှာအနေအထားပြ emoji တွေထဲမှာလည်း စုံထောက်ပုံစံ emoji တစ်ခုကိုထည့်သွင်းထားသေးတယ်လို့သိရပါတယ်။

ထိုနောက်ဆုံးဗားရှင်းမှာတော့ Sports ၊ Flag ၊ Bulb နဲ့ အခြား ကဏ္ဍ တွေအပါအ၀င် စုစုပေါင်း ကဏ္ဍ ၈ ခုကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ WhatsApp ရဲ့ Android ဗားရှင်းအတွက် emoji အသစ်တွေကို Apple ရဲ့ iOS 9.1 update မှာ ပွဲဦးထွက်အသုံးပြုခဲ့တဲ့ Unicode 7 နဲ့ Unicode 8 တို့ကနေ ရရှိတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Google က တရားဝင်ပြောကြားထားတာကတော့ Nexus range ဖုန်းဟာ ထို emoji အသစ်တွေကို ပထမဆုံး support ပေးတဲ့ ကိရိယာ ဖြစ်လာမယ်ဆိုတာပါပဲ။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadget 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment