Powered by Blogger.

ယာဉ်ကြောရှုပ်ထွေးတဲ့မြို့ ကြီးတွေအတွက် ‘Red Rhino’ မီးသတ်ကားအသစ်ကို စင်ကာပူ မိတ်ဆက်ပြသ




ရှည်လျားပြီး၊ လေးထောင့်ကျကျနဲ့ အနီရောင်မီးသတ်ယာဉ်ကြီးတွေဟာ ဆယ်စုနှစ်များစွာ အထင်ကရ ဒီဇိုင်းတစ်ခုဖြစ်ခဲ့ပြီးနောက် ယခုအခါမှာ စင်ကာပူအင်ဂျင်နီယာကုမ္ပဏီတစ်ခုဟာ ကုမ္ပဏီရဲ့ Red Rhino မီးသတ်ကားအုပ်စုရဲ့ နောက်ဆုံးဗားရှင်းတစ်မျိုးကို မိတ်ဆက်ပြသလိုက်ပါတယ်။

ဒီမီးသတ်ကားတွေဟာ ပိုမိုသေးငယ်၊ပေါ့ပါးကာ မြို့ ပြရဲ့ရှုပ်ထွေးတဲ့လမ်းကြောတွေမှာ အခက်အခဲမရှိ မောင်းနှင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာပြုလုပ်ခဲ့တဲ့ 2015 Home Team Festival မှာ စင်ကာပူကုမ္ပဏီ HOPE Technik က LF5G မော်ဒယ်အမျိုးအစား မီးသတ်ကားကို စတင်ပြသခဲ့တာဖြစ်ပြီး၊ သာမန်ကားတစ်စီးနဲ့ ပုံစံဆင်တူပေမယ့်၊ ၀င်ရ ခက်ခဲတဲ့မီးလောင်မှုတွေကို ငြိမ်းသတ်ကာ၊ အသက်တွေကို ကယ်ဆယ်နိုင်ဖို့ ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။

ပထမဦးဆုံး Red Rhino မီးသတ်ကားကို ၂၀၀ ခုနှစ်က စတင်ထုတ်ခဲ့တာဖြစ်ပြီး၊ မော်ဒယ်အသစ်တိုင်းဟာ စွမ်းဆောင်ရည်ပိုင်းတိုးတက်မှုတွေ ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ် မော်ဒယ် LF5G ဟာ လုပ်ငန်းစွမ်းရည် မြှင့်တင်ဖို့  အတွက် အဆင့်မြှင့်တင်မှုတွေ အများကြီးပါရှိခဲ့ပါတယ်။

ယခု LF5G ရဲ့ ရှေ့ ပိုင်းဒီဇိုင်းပုံစံကို မီးသတ်သမားဦးထုပ်ကနေ စိတ်ကူးစိတ်သန်းရယူရေးဆွဲထားတာဖြစ်ပြီး မော်တော်ယာဉ်စက်ခေါင်းဖုံးကို မြင်ကွင်းကောင်းကောင်းမြင်ရဖို့ အတွက် အနည်းငယ်နှိမ့်ထားကာ၊ မီးသတ်ကား နဲ့ လိုက်ပါလာသူဝန်ထမ်းတွေကို ကာကွယ်ဖို့ အတွက် စတီးဘောင်အိမ်ကို ထည့်သွင်း တပ်ဆင်ထားပါတယ်။

အပြင်ပိုင်းကိုတော့ အလေးချိန်ပေါ့ပါးတဲ့ ဖိုင်ဘာမှန်သားနဲ့ ပြုလုပ်ထားပြီး ယာဉ်အလေးချိန် ၅၀၇၁ ပေါင် ရှိကာ အရင် LF4G မော်ဒယ်ထက် ၁၃၂ ပေါင် ပိုမိုပေါ့ပါးပါတယ်။ မီးသတ်သမားလေးယောက်နဲ့ ဆေးဝန်ထမ်း တစ်ယောက် ထိုင်နိုင်ဖို့ အတွက် ထိုင်ခုံငါးခုံပါရှိပြီး ဆေးပစ္စည်းတွေထားဖို့ အကန့် တစ်ခုလည်း ပါရှိပါတယ်။

ဒီယာဉ်မှာ HOPE Technik ရဲ့ မူပိုင်နည်းပညာဆော့ဖ်ဝဲ 1-button push နည်းပညာပါဝင်ပြီး ကားမောင်းတဲ့ စနစ်၊ ရေဖြန်းပက်တဲ့စနစ်ကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ အဆက်မပြတ်ပြောင်းလဲလို့ ရပါတယ်။

လွန်ခဲ့တဲ့နှစ် LF4G စတင်မိတ်ဆက်ခဲ့တုန်းက၊ လေဖိအားသုံးရေမြှပ်ဖြန်းစနစ် (CAF) ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး မြို့ တွင်းမီးသတ်ကားအသေးအဖြစ် ချီးကျူးခံခဲ့ရပြီး ယခု LF5G မှာလည်း FRC တာဘိုရေမြှပ်ပန့် စနစ် စွမ်း ဆောင်ရည်ပါဝင်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment