Powered by Blogger.

စမတ်နာရီတွေ သုံးပြီး သွေးဖောက် စစ်နိုင်တော့မည်






စမတ်နာရီတွေဟာ သင့်ရဲ့ နှလုံးခုန်နှုန်း ၊ သင့်ရဲ့ လေ့ကျင့်ခန်းလုပ်နှုန်း နဲ့ စိတ်ဖိစီးမှု ပမာဏ တွေကို ခြေရာခံ မှတ်တမ်းတင်နိုင်ခဲ့ပါပြီ။ အနာဂါတ်မှာလည်း စမတ်နာရီတွေဟာ ဒီထက်ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာဖွယ်ရာရှိနေပါတယ်။

Google က ထုတ်ဖော်ပြောပြခဲ့တာကတော့ စမတ်နာရီတွေ အသုံးပြုပြီး အပ်မလိုပဲ သွေးဖောက်နိုင်မယ့် စနစ်ကို ဖန်တီးသွားမယ်လို့ ဆိုပါတယ်။ ထို စက်ကိရိယာ ကိုတော့ အသုံးပြုသူရဲ့ လက်ကောက်ဝတ်မှာ နာရီလို ၀တ်ဆင်ရမှာပဲ ဖြစ်ပါတယ်။

ထို ကိရိယာကတော့ အဏုဇီဝ အမှုန်တွေ ပါဝင်တဲ့ နေရာတစ်ခုကို ဂတ်စ် လမ်းကြောင်းတွေပေးပို့ပြီး အရေပြားကိုဖောက်ထွင်းကာ သွေးစက် တစ်စက်ခန့်ကို ရယူပေးမယ့် နည်းပညာမျိုးပဲဖြစ်ပါတယ်။

Google က ထုတ်ဖော်ပြောကြားထားတာကတော့ ဒီကိရိယာဟာ ဂလူးကို့စစ် စစ်ဆေးစက်ကို အစားထိုး နေရာယူဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ထိုကဲ့သို့ ဂတ်စ် လမ်းကြောင်းပေးပို့တဲ့ စနစ်နဲ့ သွေးဖောက်စစ်တဲ့အခါမှာ နာကျင်မှု အနည်းငယ်တော့ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမယ့်လည်း ဂတ်စ်လမ်းကြောင်းနဲ့ အဏုဇီဝ အမှုန်တွေကို အသုံးပြုခြင်းဟာ နာကျင်မှုကို အပ်နဲ့ဖောက်တာထက်တော့ သက်သာစေမှာဖြစ်ပါတယ်။

Google ဟာ စမတ် ကွန်တက် မှန်ဘီလူးတွေနဲ့ Cloud နဲ့ချိတ်ဆက်ထားတဲ့ ဆင်ဆာတွေကို အသုံးပြုပြီး ဂလူးကို့စ် ပမာဏကို စောင့်ကြည့်ပြီး ဆီးချိုသွေးချို ရောဂါရှင်တွေကို ကူညီပေးနိုင်တဲ့ စနစ်ကိုလည်း ဆောင်ရွက်နေပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment