Powered by Blogger.

Samsung ကမူပိုင်ခွင့်အတွက်တရားစွဲဆိုမှုရှုံးနိမ့်သွားပြီးနောက် Apple ကိုဒေါ်လာ၅၄၈သန်းလျှော်ကြေးပေးရန်သဘောတူ


ကမ္ဘာအကြီးဆုံး နည်းပညာကုမ္ပဏီကြီးနှစ်ခုရဲ့ပြိုင်ဆိုင်မှုတွေက တဖြည်းဖြည်းကြီးမားလာခဲ့ပါတယ်၊ အခုတစ်ခါမှာဆိုရင်လည်း Samsung က Apple ကိုဒေါ်လာ548သန်းလျှော်ကြေးပေးရဦးမှာဖြစ်ပါ တယ်၊

Apple မှ iPhone အားမူပိုင်ခွင့်ချိုးဖောက်ခံရခြင်းနှင့် ကော်ပီပြုလုပ်မှုများအတွက် 2012ခုနှစ် စီရင်ချက်မှ ဒေါ်လာသန်း930ပေးချေဖို့အတွက် ဆုံးဖြတ်ခဲ့သော်လည်း ပြီးခဲ့သည့်မေလက 382သန်းကိုလျှော့ချပြီး ဒေါ်လာ548သန်းပေးချေရန်ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်၊

ကျန်ရှိနေသော အခြားအမှုကိစ္စဖြစ်တဲ့ Samsung ၏ထုတ်ကုန်များ မူပိုင်ခွင့်ချိုးဖောက်ခံရမှုနှင့် ပတ်သက်ပြီး လာမယ့်နွေဦးမှာဆက်လက်စစ်ဆေးဖို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်၊

Samsung ဟာ iPhone မှ မျက်နှာပြင်၊ ဘောင်၊ အသုံးပြုသူအချက်အလက် စတာတွေနဲ့ပတ်သက်ပြီး ပုံတူကူးချတယ်လို့စွပ်စွဲခံရပြီး တရားအစွဲခံရတာဖြစ်ပါတယ်၊

တောင်ကိုရီးယားအခြေစိုက်နည်းပညာ ကုမ္ပဏီ Samsung နဲ့ အမေရိကန်ကုမ္ပဏီ Apple တို့ကြားထဲမှာ ၂၀၁၀လောက်ကတည်းက မူပိုင်ခွင့်နဲ့ပတ်သက်ပြီးတိုက်ပွဲတွေပြင်းထန်ခဲ့ကာ ၂၀၁၂ခုနှစ် သြဂုတ်လထဲမှာတော့ Samsung က Apple ကို နစ်နာကြေး ဒေါ်လာတစ်ဘီလျံ ပေးချေခဲ့ရပါတယ်၊ 'ကျွန်မတို့ အနေနဲ့မူပိုင်ခွင့်သက်တမ်းကုန်ဆုံးခြင်းရှိမရှိ ကိုပုံကြီးချဲ့ပြီး Apple ရဲ့တရားစွဲခံရပြီး နစ်နာကြေးတောင်းဆိုမှုတွေကိုလက်ခံလိုက်လို့ အရမ်းစိတ်ပျက်မိပါတယ်' လို့Samsung ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောကြားသွားခဲ့ပါတယ်၊

Samsung က Apple ကုမ္ပဏီထံမှ ငွေတောင်းခံလွှာပေးပို့လာလျှင်ငွေပေးချေမှုပြုလုပ်မှာဖြစ်ကြောင်းနဲ့၊ အကယ်၍အယူခံအောင်မြင်ပါက တရားရုးံအနေဖြင့် ကုန်ကျစရိတ်ကိုပြန်ပေးမည်ဟု မျှော်လင့်ရကြောင်း Samsung မှပြောကြားခဲ့ပါတယ်၊



(Blue Lion)

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Dailymail


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment