Powered by Blogger.

Porsche ကအကြည့်ဖြင့်ထိန်းချုပ်နိုင်သည့် Holographic Dashboard ပါဝင်မည့်နည်းပညာမြှင့်လျှပ်စစ်ကားထုတ်လုပ်မည်၊

ကမ္ဘာကျော် ဂျာမန်ကားကုမ္ပဏီကြီး Porsche ကအားသွင်းရလွယ်ကူပြီး အကြည့်များဖြင့်ထိန်းချုပ်နိုင်သည့် Dashboard ပါဝင်မည့် နည်းပညာမြှင့်လျှပ်စစ်ကား Porsche Mission E အားထုတ်လုပ်မည်ဖြစ်ကြောင်းသိရသည်၊

Porsche နေနှင့် တစ်ရာရာခိုင်နှုန်း Electric ကားများကိုထုတ်လုပ်ရန်ရည်ရွယ်ထားပြီဖြစ်ကြောင်းသိရပါတယ်။ 'အခုလိုကြီးမားလာနေတဲ့ အားဖြည့်ကားကမ္ဘာကြီးမှာ ပေါ့ရှ်ကရှေ့ဆုံးကနေပါဝင်လာအောင်
ဒီညို့ယူမှုအားကောင်းတဲ့ပြိုင်ကားကလုပ်ဆောင်ပါလိမ့်မယ်' လို့ Porsche ကုမ္ပဏီရဲ့ ဥက္ကဌ Dr. Wolfgang Porsche ကဆိုပါတယ်၊

Porshe ရဲ့ Mission E ဟာ လေးဘီးယက်အမျိုးအစားဖြစ်ပြီး ၃.၅ စက္ကန့်အတွင်း ကီလိုတစ်ရာအထိ တစ်ဟုန်ထိုးမြှင့်လို့ရမှာဖြစ်ပါတယ်၊ အဲ့ဒီအပြင်အားသွင်းရာမှာလည်း ဘက်ထရီ ၈၀ရာခိုင်နှုန်းရောက်ဖို့ အချိန်၁၅မိနစ်ပတ်ဝန်းကျင်သာ ကြာမြှင့်မှာဖြစ်ပါတယ်၊ ဘက်ထရီက တစ်ခါအားဖြည့်ထားရုံနဲ့ ကီလိုမီတာ ၅၀၀လောက်မနားတမ်းသွားနိုင်ပြီး အားလုံလုံလောက်လောက်ဖြည့်ထားရင် နောက်ထပ်ကီလိုမီတာ ၄၀၀ သွားနိုင်လို့ ဘက်ထရီနဲ့ပတ်သက်ပြီးတော့ အကောင်းဆုံးထဲမှာပါဝင်တယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး

ကားမှာ ထိန်းချုပ် Dashboard တစ်ခုပါဝင်မှာဖြစ်ပြီးတော့ စက်တွေကို မျက်စိနဲ့ ထိန်းချုပ်ပြီး အလိုအလျောက်အလုပ်လုပ်စေမှာဖြစ်တယ်လို့သိရပါတယ်၊

ဒီဇိုင်းကတော့ Porsche တို့ရဲ့ထုံးစံအတိုင်း ရှေ့မီးနှစ်ဘက်အခုံးပုံစံဖြစ်ပါတယ်၊ ကားဘီးနဲ့ ရှေ့မီးသီး ဒီဇိုင်းတွေလဲအသစ်ပြောင်းလဲထားပြီး တံခါးတွေကိုလည်းလားရာမတူပဲ ဖွင့်တဲ့ပုံစံမျိုးသုံးထား တယ်လို့သိရပါတယ်၊ ကားကိုယ်ထည်ကိုတော့ အလူမီနီယံ၊ စတီးနဲ့ ကာဗွန်ဖိုက်ဘာအားဖြည့် ပေါ်လီမာသတ္တုစပ်နဲ့ ပြုလုပ်ထားတာပါ၊

ရောင်းချမယ့်ရက်ကိုအတိအကျမပြောသေးပေမယ့် ၂၀၂၀ပြည့်နှစ်မတိုင်ခင် ဈေးကွက်ထဲကိုရောက်လာနိုင်တယ်လို့ သတင်းရင်းမြစ်တွေအရသိရပါတယ်၊




(Blue Lion)

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Dailymail


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment