Powered by Blogger.

Disney ပရိတ်သတ်ချင်း ဆုံဆည်းခွင့်ပေးမယ့် Dating ၀က်ဘ်ဆိုက် "Mouse Mingle"




အွန်လိုင်းမှာ ဒိတ် လုပ်ရတဲ့ ၀က်ဘ်ဆိုက် အသစ်တစ်ခုဟာ Disney ကာတွန်းရဲ့ ပရိတ်သတ်တွေအနေနဲ့ ကိုယ်နဲ့ ကာတွန်းဇာတ်ကောင်အကြိုက်ချင်းတူတဲ့ သူကို ရှာဖွေပေးပြီး ဒိတ်လုပ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒါဆိုရင်တော့ ဒိတ်လုပ်သူ ၂ ယောက်လုံး အမြဲတမ်းပျော်ရွှင်ခွင့်ရမှာဖြစ်ပါတယ်။

ထို ၀က်ဘ်ဆိုက် နာမည်ကတော့ Mouse Mingle လို့ခေါ်ပြီး Disney ကုမ္မဏီ ရဲ့ ကာတွန်းဇာတ်ကောင် အကြိုက်သူတွေကို ရှာဖွေပေးမှာပါ။

"ရိုးရာအင်တာနက်ဒိတ်လုပ်တဲ့ဆိုက်တွေဟာ လူတွေ Disney နဲ့ ပတ်သက်တဲ့ အရာရာတိုင်းကို မသိပါဘူး။ကျွန်တော်တို့သိပါတယ်။ ဒိတ်လုပ်တဲ့ ၀က်ဘ်ဆိုက်တွေဟာ အခုနောက်ပိုင်းမှာ မသဲကွဲကြတော့ပါဘူး။ ဒီဝက်ဘ်ဆိုက်တော့ အရွယ်ရောက်ပြီးသူတွေအတွက်ပါ။ဒါပေမယ့် အရွယ်ရောက်ပြီးသူတွေ ကြည့်လို့ရတဲ့ အကြောင်းအရာမျိုးမဟုတ်ပါဘူး။ ကျွန်တော့်လိုပဲ Disney ကို စိတ်ဝင်စားတဲ့ မိန်းကလေးတစ်ယောက်ရှာဖို့ခက်တယ်ဆိုတာကို ကျွန်တော်သိခဲ့လို့ပါ" လို့ လော့အိန်ဂျလိစ် မြို့ Culver City မြို့နယ်က ဆော့ဖ်ဝဲ ရေးသားဖန်တီးသူ Dave Tavres က ဆိုပါတယ်။

ပိုပြီး ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခုက ဓါတ်ပုံ ကဏ္ဍပါ။ ထို ၀က်ဘ်ဆိုက်မှာ ဓါတ်ပုံတင်တဲ့အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ Disney ရဲ့ အထင်ကရဇာတ်ကောင် Mickey Mouse ရဲ့ နားရွက်တွေကို ဓါတ်ပုံမှာတပ်ဆင်ခံရမှာဖြစ်ပြီး Disney ပန်းခြံကဲ့သို့သော နေရာမျိုးမှာ ဓါတ်ပုံတင်ရမှာဖြစ်တယ်လို့လည်းသိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment