Powered by Blogger.

Droneများအားဖမ်းဆီးရန် ပိုက်ကွန်နှင့်Drone များကို တိုကျိုရှိရဲများအသုံးပြုမည်


အခုအခါမှာ Drone လို့ခေါ်တဲ့ လူမဲ့လေယာဉ်တွေကိုတော်တော်များများသိနေကြပါပြီ၊ စစ်ရေးမှာ ထောက်လှမ်းရေးမှာ ကယ်ဆယ်ရေးတွေမှာ အလွန်အသုံးဝင်တဲ့ အဆိုပါလေယာဉ်လေးတွေဟာ လူတွေ
မလုပ်နိုင်မသွားနိုင်တဲ့နေရာတွေ မရိုက်နိုင်တဲ့အမြင့်က ဓာတ်ပုံတွေကို ရိုက်ပေးလို့ လူတွေရဲ့မိတ်ဆွေလိုဖြစ်နေပါတယ်၊ တစ်ဖက်မှာလဲ အစိုးရနဲ့သက်ဆိုင်တဲ့ ခေါင်းဆောင်တွေအတွက် မသမာသူတွေရဲ့
အလွယ်တကူထောက်လှမ်းမှု၊ ကိုယ့်ရဲ့ Personal Data သူများအလွယ်တကူသိနိုင်မှုစတဲ့ အန္တရာယ်တွေကလည်းရှိနေပါတယ်၊ ဒါကိုဖြေရှင်းနိုင်ဖို့ ဂျပန်နိုင်ငံတိုကျိုမြို့က ရဲတပ်ဖွဲ့တွေကပစ္စည်းတစ်ခုတီ
ထွင်လိုက်ပါတယ်၊

ဂျပန်နိုင်ငံ တိုကျိုမြို့တော်ရှိ မြို့တော်ရဲဌာနမှ အခြားသံသယဖြစ်ဖွယ်စောင့်ကြည့်လေယာဉ်တွေကို ဖမ်းဆီးဖို့်အတွက် ပိုက်ကွန်ပါဝင်ပြီး လျှင်မြန်တဲ့ကြားဖြတ်ဖမ်းဆီးရေး Drone(လူမဲ့လေယာဉ်) တစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်၊

အဓိကရုဏ်းကိုင်တွယ်ဖြေရှင်းရေးရဲတပ်ဖွဲ့တွေထိန်းချုပ်မယ့် ကင်မရာတပ်ဆင်ထားတဲ့အဲ့ဒီကြားဖြတ်လူမဲ့လေယာဉ်ဟာ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ၀န်ကြီးရုံးအပါအ၀င် အခြားအဆောက်အအုံတွေကို ထောက်လှမ်းနေတယ်လို့ထင်ရတဲ့ ပုဂ္ဂလိက လူမဲ့လေယာဉ်တွေကို ရှာဖွေဖမ်းဆီးသွားမှာဖြစ်ပါတယ်။

ထိမ်းချုပ်ရေးတပ်ဖွဲ့က သူတို့မဖမ်းဆီးခင် အဆိုပါပုဂ္ဂလိကလူမဲ့လေယာဉ်ကို ပြန်ဆင်းသက်စေဖို့ ထိန်းချုပ်သူကိုသတိပေးမှာဖြစ်ပြီး မရတော့မှသာ ကြီးမားတဲ့ပိုက်ကွန်တစ်ခုပါဝင်တဲ့ အဆိုပါလူမဲ့လေယာဉ်ကို အသုံးပြုဖမ်းဆီးမှာဖြစ်ပါတယ်၊



ပြီးခဲ့တဲ့ဧပြီလက ပန်ကာလေးခုပါဝင်တဲ့ လူမဲ့လေယာဉ်တစ်စီးဟာ ရေဒီယိုဓာတ်သတ္တိကြွမှုအနည်းငယ်ပါဝင်တဲ့ Caesium သတ္တုကိုသယ်ဆောင်ပြီး ၀န်ကြီးချုပ်ရုံးဆီပျံသန်းလာတာကို ကြားဖြတ်ဖမ်းဆီးနိုင်
ခဲ့လို့ မြို့တော်မှာစိုးရိမ်ပူပန်စရာတွေဖြစ်ခဲ့ပါတယ်၊

ရဲတပ်ဖွဲ့ရဲ့မောင်းသူမဲ့လေယာဉ်ဟာအချင်း တစ်မီတာပတ်လည်ရှိမှာဖြစ်ပြီး ပိုက်ကွန်ကတော့နှစ်မီတာကနေသုံးမီတာအထိရှိမယ်လို့သိရပါတယ်၊ ရဲတပ်ဖွဲ့ဟာအဲ့ဒီ Drone တွေကို ဒီလနှောင်းပိုင်းမှာပဏာမအနေနဲ့ စတင်အသုံးပြုမှာဖြစ်ပြီး ဖေဖော်ဝါရီလမှာတော့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်အသုံးပြုမှာဖြစ်တယ်လို့သိရပါတယ်၊

ဂျပန်နိုင်ငံမှာ လေဆိပ်နားတ၀ိုက်တွေ၊ လမ်းမပေါ်တွေနဲ့ မြေပြင်အထက် မီတာတစ်ရာ့ငါးဆယ်မှာအသုံးပြုနေတဲ့ လူမဲ့လေယာဉ်တွေကို တရားဥပဒေနဲ့မညီတဲ့ Drone တွေအဖြစ်သတ်မှတ်ထားပါတယ်၊



(Blue Lion)

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Telegraph


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment