ဝန်ဆောင်မှုလုပ်ငန်းကို ၂၀၁၆ခုနှစ် နှစ်လည်ပိုင်းလောက်မှာ စတင်မှာဖြစ်ပြီး Vagankovskoye, Troyekurovskoye နဲ့ Novodevichy နေရာတွေရှိ ဈာပနအခမ်းအနားတွေမှာ စတင်လုပ်ပေးမှာ ဖြစ်ပါတယ်။
Moscow ရှိ Artem Ekimov ဈာပန ထုံးတမ်းအစဉ်အလာ အဖွဲ့က ဒီအင်တာနက်သုံးစွဲနိုင်မှုက ဈာပနအခမ်းအနား ရှိရာနေရလိပ်စာကို လမ်းညွှန်ပေးနိုင်ခြင်း၊ ရှာဖွေနိုင်ခြင်း စတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တယ်လို့ ရှင်းလင်းပြောပြထားပါတယ်။
“ အွန်လိုင်းမှာ ရှိတဲ့သူတိုင်းဟာ ကွယ်လွန်သူကို မြုပ်နှံမယ့်နေရာ ဒါမှမဟုတ် သင်္ချိုင်းမြေနေရာရှိ အထိမ်းအမှတ် ကျောက်တိုင်ရှိရာ နေရာစတဲ့ လိုအပ်တဲ့အချက်အလက်အားလုံးကို ရှာဖွေရရှိနိုင်မှာ ဖြစ်ပါတယ်။ “ လို့လည်း ဆိုပါတယ်။
( Michelle )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Upi
0 comments:
Post a Comment