Powered by Blogger.

Honor 7 ဖုန်းတွေမှာ Marshmallow စနစ် Update ပြုလုပ်နိုင်ပြီ




Huawei ကနေခွဲထွက်ထားတဲ့ အမှတ်တံဆိပ် Honor ဟာ သူတို့ထုတ်လုပ်ထားတဲ့ Honor 7 စမတ်ဖုန်းတွေမှာ Android 6.0 Marshmallow စနစ်ကို Update ပြုလုပ်ခွင့်ပေးလိုက်ပါပြီ။ Update ပြုလုပ်လိုတဲ့ Honor 7 ဖုန်းပိုင်ရှင်တွေအနေနဲ့ Marshmallow update ကို ရယူဖို့အတွက် over-the-air(OTA) ကတဆင့် Register ပြုလုပ်ရမှာပါ။

လိုအပ်တဲ့အချက်အလက်တွေကတော့ IMEI နံပါတ်နဲ့ အရင် OS ဗားရှင်းတို့ပဲဖြစ်ပါတယ်။ အရင် OS ဗားရှင်းကို မသိရင်တော့ Settings ထဲက About Phone မှာ ကြည့်နိုင်ပါတယ်။ OTA update ကိုတော့ ၂၄ နာရီကနေ ၄၈ နာရီအတွင်း ရရှိမှာဖြစ်ပါတယ်။ Huawei ရဲ့  ပြောကြားချက်အရတော့ Honor 7 ဟာ Marshmallow အတွက် သင့်တော်တယ်လို့ အတည်ပြုထားပါတယ်။

Marshmallow စနစ်မှာတော့ Google Now on Tap ၊ Chrome အသစ် ၊ Android Pay ၊ လက်ဗွေရာစနစ် ၊ New Silent လုပ်ဆောင်ချက်နဲ့ Do Not Disturb mode တို့ ပါဝင်လာပြီး Doze လို့ခေါ်တဲ့ ဘက်ထရီ ကြာရှည်ခံအောင် ထိန်းသိမ်းပေးတဲ့ လုပ်ဆောင်ချက်လည်းပါဝင်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment