Powered by Blogger.

၂၀၁၅ ခုနှစ်မှာ WIndows 10 ကို install ပြုလုပ်ခဲ့သူ သန်း ၂၀၀ အထိရှိခဲ့





အောက်တိုဘာလတုန်းက ပြုလုပ်ခဲ့တဲ့ မီဒီယာ တွေ့ ဆုံပွဲ တစ်ခုမှာ Microsoft ဟာ သူတို့ရဲ့ နောက်ဆုံးထုတ် desktop operating system ဖြစ်တဲ့ Windows 10 ဟာ ကမ္ဘာတစ်ဝှမ်းမှာ တပ်ဆင်အသုံးပြုသူ ၁၁၀ သန်းအထိ ရှိနေပြီလို့ ကြေညာခဲ့ပါတယ်။ သတင်းတင်ပြချက်တစ်ခုအရတော့  ဇူလိုင်လတုန်းက ထုတ်လုပ်ခဲ့တဲ့ Windows 10 ဟာ ၂၀၁၅ ခုနှစ်နှစ်ကုန်ပိုင်းမှာ Install ပြုလုပ်မှုပေါင်း သန်း ၂၀၀ အထိရှိလာခဲ့ပြီလို့ သိရပါတယ်။

Microsoft  ဟာ ပထမဆုံးအနေနဲ့ Windows 10 ကို Developer ဗားရှင်းနဲ့ တက်ကြွလေ့လာလိုသူတွေအတွက် မနှစ်က ထုတ်လုပ်ခဲ့ဖူးပါတယ်။ ၂၀၁၅ ခုနှစ် ဇူလိုင်လမှာ Windows 10 ကို Register ပြုလုပ်ခဲ့သူ ၅ သန်းကျော်အထိရှိခဲ့ပါတယ်။

နောက်ထပ်သိထားရတဲ့သတင်းကတော့ Windows 10 ဟာ ယခင် WIndows 8 နဲ့ Windows 7 အသုံးပြုသူတွေကို အခမဲ့ Upgrade ပြုလုပ်ခွင့်ပေးခဲ့တဲ့အတွက် လက်ရှိ Windows 10 ကို Install ပြုလုပ်သူအများစုဟာ Windows 8 နဲ့ Windows 7 တို့ကို အသုံးပြုခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment