Powered by Blogger.

HP က ၂၀၁၆ခုနှစ်တွင် ပထမဆုံး window 10 စမတ်ဖုန်းကြေငြာမည်


Hewlett-Packard(HP) ကလာမည့်နှစ်အစောပိုင်းတွင် ပထမဆုံး window 10 စမတ်ဖုန်း ထုတ်လုပ်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်၊ အဲ့ဒီ အံ့အားသင့်ဖွယ်ကြေငြာချက်မှာ ဖုန်းကို HP Falcon လို့ခေါ်ဆိုမှာဖြစ်ပြီး လာမယ့်ဖေဖော်ဝါရီလ ၂၂ရက်နေ့ကနေ ၂၅ရက်နေ့ထိ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာပြုလုပ်မယ့် ကမ္ဘာ့မိုဘိုင်းလ်ကွန်ဂရက် မှာ ကြေငြာဖွယ်ရှိတယ်လို့ဆိုခဲ့တာဖြစ်ပါတယ်၊

လောလောဆယ်မှာတော့ HP Falcon အတွက်ကောလဟလ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ၄င်းဟာ အသစ်အသုံးပြုထားတဲ့ Qualcomm Snapdragon 820 chipset နဲ့ Adreno 530 GPU ကိုအသုံးပြုထားပြီး အနည်းဆုံး RAM 2GB နဲ့ ၅.၈လက်မအကျယ် QHD Display တို့နဲ့ ဖွဲ့စည်းထားမှာဖြစ်ပါတယ်၊

အဆိုပါပြောကြားချက်အရ HP Falcon အနေနဲ့ Window ဖုန်းကြိုက်တဲ့လူတွေအတွက် နောက်ထပ်ရွေးချယ်စရာတစ်ခု ထပ်ဖြစ်လာနိုင်ပြီး Microsoft အနေနဲ့လည်း သူတို့ရဲ့ Surface ဖုန်းကိုထပ်မံဆန်းသစ်ဖို့အတွက် တွန်းအားတစ်ရပ်ဖြစ်လာစေခဲ့ပါတယ်၊

အတွင်းမှတ်ဥာဏ် 64 GB နဲ့ တည်ဆောက်လာမယ့်အဆိုပါဖုန်းမှာ ကင်မရာအရည်အသွေး 20 Megapixel Rear Camera နဲ့ အရှေ့ကင်မရာ 12 Megapixel အထိရှိမယ့် အရည်အသွေးမြှင့် ကင်မရာကို တပ်ဆင်ထားမှာဖြစ်ပါတယ်၊ ဒီအရည်အသွေးက အရင်ကကြေငြာခဲ့တဲ့ Windows 10 ဖုန်းတွေဖြစ်တဲ့ Lumia 950 နဲ့ Lumia 950XL တို့ထက်သာလွန်ကောင်းမွန်မှာဖြစ်ပါတယ်၊



(Blue Lion)

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: Gadgets 360


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment