Powered by Blogger.

Twitter က Apple ကုမ္မဏီ ရဲ့ ဝန်ထမ်းတစ်ဦးကို ဌာနတစ်ခုရဲ့  ဒု-ဥက္ကဋ္ဌ အဖြစ် ငှားရမ်း ခန့်အပ်




မိုက်ခရို ဘလော့ဂ်ရေးသားခြင်း ၀က်ဘ်ဆိုက်လို့ သတ်မှတ်ခံထားရတဲ့ Twitter ဟာ Apple ကုမ္မဏီ ရဲ့ ဝန်ထမ်းတစ်ဦးကို Twitter ကုမ္မဏီ ရဲ့  မတူကွဲပြားခြင်းနဲ့ ထည့်သွင်းခြင်းဆိုင်ရာ ဒု-ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခဲ့ကြောင်းကို တရားဝင်ကြေညာခဲ့ပါတယ်။

Jeffrey Siminoff ဆိုသူဟာ Apple ကုမ္မဏီမှာတော့ ကမ္ဘာတစ်ဝှမ်းလုံးရဲ့  မတူကွဲပြားခြင်းနဲ့ ထည့်သွင်းခြင်းဆိုင်ရာ ဒါရိုက်တာ တစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ Siminoff ရဲ့  Twitter ကို ရောက်ရှိလာခြင်းဟာ ကုမ္မဏီ ရဲ့  တစ်ကမ္ဘာလုံးမှာရှိတဲ့ ၀န်ထမ်း ၆၆ ရာခိုင်နှုန်းက အမျိုးသားတွေ ဖြစ်နေခြင်းနဲ့ အမေရိကမှာရှိတဲ့ ၀န်ထမ်း ၅၉ ရာခိုင်နှုန်းက လူဖြူတွေဖြစ်နေခြင်း နဲ့ ပတ်သက်တဲ့ ဖိအားတွေကို ရင်ဆိင်ရတော့မှာပါ။

Siminoff ရဲ့  ရာထူးနေရာမှာ ယခင်ကလုပ်ကိုင်ခဲ့တာကတော့ Van Huysse ဆိုသူ အမျိုးသမီးဖြစ်ပြီး သူမဟာ ၂၀၁၆ မှာ အမျိုးသမီး ၀န်ထမ်း အနည်းဆုံး ၃၅ ရာခိုင်နှုန်းရှိလာဖို့နဲ့ ခေါင်းဆောင်ပိုင်းမှာ အမျိုးသမီး ပါဝင်မှုကို ၂၅ ရာခိုင်နှုန်းအထိ များပြားလာအောင် ဆောင်ရွက်မယ်လို့ ဆိုခဲ့သူပဲ ဖြစ်ပါတယ်။

ဒါပေမယ့် Siminoff ဟာလည်း Out Leadership လို့ခေါ်တဲ့ စီးပွားရေးနယ်ပယ်အတွင်း မိန်းမချင်း ၊ ယောကျာင်္းချင်း လိင်တူဆက်ဆံသူများ ၊ လိင် ၂ မျိုးလုံး စိတ်ဝင်စားသူများ ၊ လိင်ပြောင်းလဲထားသူများ အားလုံးပါဝင်လာဖို့ လုပ်ဆောင်တဲ့ အဖွဲ့အစည်းရဲ့  တည်ထောင်သူတစ်ယောက်လည်း ဖြစ်နေပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment