Powered by Blogger.

အင်တာနက်သုံးနိုင်တဲ့ ခလုတ်နှိပ်ဖုန်း Nokia 230 Dual-SIM ကို Microsoft ထုတ်လုပ်




Microsoft ကုမ္မဏီဟာ SIM ကတ် ၂ ကတ်ထည့်သွင်းနိုင်ပြီး အင်တာနက်လည်း အသုံးပြုနိုင်မယ့် ခလုတ်နှိပ် ဖုန်း တစ်မျိုးကို ထုတ်လုပ်လိုက်ပြန်ပါတယ်။ Microsoft က ထုတ်လုပ်ပေမယ့်လည်း Nokia အမှတ်တံဆိပ်နဲ့ ဖြစ်ပြီး မော်ဒယ်လ် အမျိုးအစားကတော့ Nokia 230 ပဲ ဖြစ်ပါတယ်။

Microsoft ဟာ Nokia အမှတ်တံဆိပ် Nokia 230 ကို Dual-SIM ဗားရှင်းနဲ့ ရော ၊ SIM ကတ် ၁ ကတ် သာ ထည့်သွင်းနိုင်တဲ့ ဗားရှင်းနဲ့ပါ ကမ္ဘာတစ်ဝှမ်းလုံးကို ထုတ်လုပ်ဖြန့်ချီခဲ့တာဖြစ်ပါတယ်။ Nokia 230 Dual SIM ဗားရှင်း ရဲ့ ကောင်းမွန်ချက်တွေကတော့ အရှေ့ ကင်မရာနဲ့ အနောက်ကင်မရာဟာ 2 Megapixel ထိ ကြည်လင်ပြတ်သားနိုင်ပြီး LED flash လည်း ကင်မရာ ၂ခုလုံးမှာ အသုံးပြုနိုင်မှာပါ။

အခြား ထင်ရှားတဲ့ Nokia 230 Dual-SIM ရဲ့  ကောင်းမွန်ချက်ကတော့ အလူမီနီယံ နဲ့ ကိုယ်ထည်ကို တည်ဆောက်ထားခြင်းပဲ ဖြစ်ပါတယ်။ မျက်နှာပြင်ကတော့ ၂.၈ လက်မ ကျယ်ဝန်းပြီး LCD မျက်နှာပြင်ကို အသုံးပြုထားကာ 240x320 Pixel ကြည်လင်ပြတ်သားပါတယ်။ MicroSD ကတ်ထည့်သွင်းမယ်ဆိုရင်တော့ 32GB အထိ သိုလှောင်နိုင်မှာဖြစ်ပြီး GPRS/EDGE ၊ Bluetooth v3.0 ၊ Micro-USB နဲ့ ၃.၅ မီလီမီတာ ရှိတဲ့ Audio အပေါက်တစ်ခုလည်းပါဝင်တယ်လို့ သိရပါတယ်။

ဘက်ထရီကတော့ 1200mAh ဖြစ်ပြီး စကားပြောဖို့အတွက်တော့ ၂၃ နာရီ အသုံးခံပါတယ်။ အလျား ၁၂၄.၅ မီလီမီတာ ၊ အနံ ၅၃.၄ မီလီမီတာ ၊ အမြင့် ၁၀.၉ မီလီမီတာ ရှိပြီး အလေးချိန်ကတော့ ၉၂ ဂရရမ် ရှိကာ အဖြူအမည်း ၂ ရောင်ရရှိနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၆၀ ၀န်းကျင်သာ ရှိတယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment