Powered by Blogger.

Huawei Mate 8 ကို ဒီတစ်ပတ်အတွင်း ရောင်းချပေးတော့မည်


ပြီးခဲ့တဲ့လက Huawei ရဲ့ flagship ဖုန်းတစ်လုံးဖြစ်တဲ့ Mate 8 ကို တရုတ်နိုင်ငံမှာ ဒီဇင်ဘာလ ၉ရက်နေ့ရောက်ရင် ရောင်းချပေးမယ်လို့ သတင်းထွက်ရှိခဲ့ပါတယ်။ Huawei ကုမ္ပဏီရဲ့ စမတ်ဖုန်း အပိုင်းကို ဦးဆောင်တဲ့ He Gang က ထုတ်ပြန်ကြေညာခဲ့တာပါ။

3GB/32GB (RAM/Storage) မော်ဒယ်အတွက် ကန်ဒေါ်လာ ၄၇၀၊ 4GB/64GB မော်ဒယ်အတွက် ကန်ဒေါ်လာ ၅၈၀၊ 4GB/128GB မော်ဒယ်အတွက် ကန်ဒေါ်လာ ၆၉၀ နဲ့ သီးသန့် Champagne Edition အတွက် ကန်ဒေါ်လာ ၁၀၇၅ ဆိုပြီး Huawei Mate 8 ကို ဈေးနှုန်းအသီးသီးနဲ့ ရောင်းချပေးမှာပါ။

Mate 8 နဲ့ပတ်သက်ပြီး Huawei က အများကြီးမျှော်လင့်ထားကြောင်း၊ တစ်လကို စက်အလုံးရေ ၁ သန်း ထုတ်လုပ်သွားဖို့ စီစဉ်ထားကြောင်း Gang ကပြောခဲ့ပါတယ်။

Huawei Mate 8 ရဲ့ CPU ကို နောက်ဆုံးပေါ် Kirin 950 SoC တပ်ဆင်ထားပြီး Octa-core ဖြစ်ပါတယ်။ GPU အနေနဲ့ကတော့ T880MP4 ကို အသုံးပြုထားပါတယ်။ ၆လက်မအရွယ် FHD IPS မျက်နှာပြင်နဲ့အတူ 4000mAh ဘက်ထရီကို အသုံးပြုထားပါတယ်။ ကင်မရာအနေနဲ့ကတော့ နောက်ဘက် 16MP နဲ့ ရှေ့ဘက် 8MP ဆိုတဲ့အတွက် Selfie ရိုက်သူတွေအကြိုက်တွေ့မှာပါ။

UI အနေနဲ့ကတော့ Huawei ရဲ့ next-generation EMUI 4.0 ဖြစ်ပြီး OS ကတော့ Android 6.0 Marshmallow ပဲဖြစ်ပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: GSM Arena
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment